PART [3.11]💞

26.8K 825 17
                                    

Zawgyi
💛💛💛

မေလျန်းထမင်းဘူးအိတ်လေးကို ဆွဲကာ လုယုံကိုလှည့်ကြည့်လှည့်ကြည့်နှင့် ၊နာရီကို ကြည့်လိုက်တော့ အတန်းတောင်စနေတော့မည်။

!အတန်းနောက်ကျတော့မှာပဲ မြန်မြန်သွားမှ!

အခန်းရှေ့တွင် ရှိုးတျန်းစန့်မတ်တပ်ရပ်နေတာတွေ့တော့ မေလျန်းဘဝင်တောင်မြင့်ချင်မိသည်။

"မေလျန်း ဘာလို့နောက့ကျနေတာလဲ"

"အယ်..ကားကြပ်နေလို့.အဲ့ဒါ."

"မျက်နှာကနီရဲ​နေတာပဲ နေမကောင်းဘူးလား "

မေလျန်းပါးလေးကို လက်လေးနှင့်အုပ်မိကာ
စိတ်မှရေရွတ်မိသွားသည်။

!ရှောင်းခွမ်ဟွိုက်ကြောင့်!

"ကောင်းပါတယ် တီချယ်လာပြီမို့ ဝင်တော့မယ်နော်"

"မင်းအတွက် ချိုချဉ်ဝယ်လာတယ် အင့် "

!ချိုချဉ်? သူတကယ်ဘာဖြစ်နေတာလဲ!

တျန်းစန့်လက်ထဲမှ ချိုချဉ်များကိုယူလိုက်ပြီးအတန်းထဲသို့ ဝင်လာခဲ့သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုတျန်းစန့်"

!မဟုတ်မှ ငါ့ကိုကြွေနေတာလား
သခင်ရှောင်းကြောင့်ပဲ ငါ့ကိုအသုံးချချင်လို့လား? !
အတန်းထဲမှ ကျောင်းသားများရဲ့အကြည့်က မေလျန်းဆီမှာ ၊ သေချာတာကတော့ မေလျန်းနဲ့တျန်းစန့်တကယ်တွဲနေပြီလားဆိုတာ ဝေဖန်သုံးသပ်နေကြတာပဲ ဖြစ်နိုင်လေရဲ့။

အတန်းချိန်စတော့လဲအေးဆေးပဲ ရုပ်ရှင့်ကြည့်နေသလိုပဲ ချိုချုဉ်စားလိုက် ရေသောက်လိုက်နှင့်၊ နည်းနည်းလေးတော့ခက်ခဲတယ်.ချိုချဉ်စုပ်လုံးက ပါးစပ်ထဲထည့်ရင် စုပ်လုံးအတံကြီးက အပြင်ကိုထွက်နေတာ နည်းနည်း စုပ်လိုက် တီချယ်မြင်မှာစိုးလို့ ပြန်ထုတ်လိုက်နှင့်၊ သူတစ်ယောက်တည်းအဲ့လိုလုပ်တာတော့မဟုတ်ပေ၊

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now