PART [5.7]

6.8K 447 14
                                    

(Zawgyi)
♥နှင်းဝတ်လွှာသေရည်ေ
☪🔅☪🔅☪🔅☪🔅☪

ပုလဲမြိုင်နန်း..
ခါတိုင်းထက်ပို၍ သန့်လွင်တောက်ပနေသော မျက်ဝန်းတစ်စုံက ရွှန်းလဲတောက်ပနေသည်။
ပြာလဲ့လဲ့ ဟွာချင်းပန်းပွင့်များဝတ်ရုံအနားကွပ်ကို စိုးစီချယ်သထားသည်။
မိုးပြာရင့်ရောင်အင်္ကျီလက်အနားစတွင်လဲ.ပြာလဲ့လဲ့လိပ်ပြာလေးပမာ ဟွာချင်းပန်းခတ်လေးများ
လေပြေတိုက်လိုက်တိုင်း ဘေးသို့လွင့်ကာ လေထဲပျံဝဲတော့မတတ်ဖြစ်နေသည်။

လက်ထဲတွင် အဖြူရောင်နှင်းပန်းအမျိုးအစားကို နှစ်ရှည်ကြာကြာ ဂရုတစိုက်စီမံဖော်စပ်ထားသော
နှင်းဝတ်လွှာသေရည်အိုးကို သွယ်လျသောနုနယ်သည့်လက်ကလေးတွေနှင့်ဆက်သရန်ပြင်ဆင်နေသည်။

ပန်းသွေးရောင် နှုတ်ခမ်းလွှာတစ်စုံက ရှေးဦးစွာချိုသောအပြုံးကိုဆောင်၍

" အားရွှမ်း...... ဒါ...
ဟိုး...သွဲန်းအန့်တောင်ပေါ်မြို့လေးဆီကသာရနိုင်တဲ့ နှင်းဝတ်လွှာသေရည်လေ...
အားရွှမ်း... အလွန်နှစ်သက်လှတဲ့သေရည်လေ..."

ရှင်ဘုရင် ရှောင်ဟွေ့ရွှမ်း ကို သူ၏မယ်တော်တောင် အရှင်လို့ပဲ ခေါ်ခွင့်ရှိသည်။

ဝမ်ရှိုးယွဲ့၏ ကြီးမားသော စွန့်စားမှုဟု.ဆိုသော်ငြား
ဘုရင်ရှောင်ဟွေ့ရွှမ်း..နည်းနည်းစဉ်းစားရ မလွယ်သော်လည်း. အရမ်းအံ့အားသင့်ပုံမပေါ်။

ချိုနှစ်နေသော ရွှန်းလဲ့လဲ့အကြည့်မှ...
ယုန်သူငယ်လေး၏ သနားစရာ မျက်နှာလေးသို့....
ကြည်လဲ့လဲ့ ပုလဲဥလေးတွေ ကြွေတော့မည့်အလား
အသံကတော့ ငိုချင်ချင်ရဲ့နှုန်း.

"  အဟက်."

တစ်ချက်ရယ်သံပြုလိုက်သော်လည်း
အသက်မပါ ဝမ်းနည်းလွမ်းဆွတ်၍ မိမိကိုယ်ကို လှောင်မိသည့် ဒီရယ်သံနှင့် ဝမ်ရှိုးယွဲ့

ဘာစကားမှ.မဟသလို ဘာအမူရာမှလဲ.ပြောင်းလဲသွားခြင်းမရှိ
ဝမ်ရှိုးယွဲ့၏ လှုပ်ရှားမှုကိုသာ ရှုစားလျှက်ရှိနေသည်။

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now