နေရောင်ခြည်ဖြာလျက် ကျေးငှက်လေးများ တွန်မြည်သံများနှင့် မနက်ခင်းအစပြုရာ။ သူသည် အညောင်းဆန့်ကာ နိုးလာမိပါ၏။ ဘေးဘီဝဲယာကြည့်မိတော့ မနေ့ညက အဖြစ်အပျက်များက ခေါင်းထဲအစီအရီ။ သူသည် ပြုံးမိပါ၏။ အခက်အခဲများကြားက သူ၏ ချစ်ရသူလေးနဲ့ ထပ်မံ၍။ မခွဲချင်တော့ပါ။ သူ့ကို ချစ်သည်။
"...!"
ကုတင်ပေါ်ကြည့်တော့ ချစ်ရသူက အိပ်ပျော်နေဆဲပင်။ အပြစ်ကင်းစင်တဲ့ မျက်နှာလေးထက်တွင် အနမ်းလေးပေးမိပါ၏။ သူသည်အသံမကြားအောင် ခြေသံ ဖွဖွလေးနင်းကာ ရေချိုးမျက်နှာသစ်ကာ ချစ်ရသူအတွက်မနက်စာပြင်နေတော့သည်။
မကြာခင်တွင်ကုတင်ထက်က လူသားငယ်သည် တအင်းအင်းနှင့် နိုးလာပါ၏။ သူသည် အခန်းကို လှည့်ပတ်ကြည့်တော့ ရင်းနှီးနေသော နေရာတစ်ခုဖြစ်ကြောင်း သူသိလိုက်ရပါသည်။ သူသည် ရှက်ရွံ့စွာဖြင့်။
"ငါ မနေ့က သူ့ကို...."
ဆက်၍ ပင်မပြောနိုင်ပဲ မျက်နှာတစ်ခုလုံးထူပူပြီး နီမြန်းလာပါ၏။ ထိုစဉ်တွင် အခန်းထဲသို့ နေမင်းခ ရောက်လာပါတော့သည်။ သူ့ကို အပြုံးချိုချိုလေးပြုံးပြပြီး ဆိုလာသည်။
"နိုးပြီလား? ရေချိုးမျက်နှာသစ်လိုက်အုံး ။ ဒီမှာ အဝတ်စားအသစ်တွေဝယ်ပေးထားတယ်။ ပြီးရင် မနက်စာလာစားခဲ့နော်"
ပြုံးပြပြီး ပြန်ထွက်သွားပါ၏။ ကျန်ခဲ့တဲ့သူမှာတော့ ထိုအပြုံးလေးကြောင့် နွေးထွေးရပါသည်။
သူသည် အဝတ်စားများ ချွတ်လိုက်ကာ ရေချိုးခန်းထဲသို့ ဝင်လိုက်ပါသည်။ ထို့နောက်တွင် မှန်ကိုကြည့်လိုက်ပါ၏။ လည်ပင်းတွင် ကိုက်ရာတခုသည် အထင်းသား။ ထိုသည်ပင်မကပေ အမှတ်အသားများစွာလဲ ရှိပါ၏။ သက်ပြင်းချမိသလို သဘောလဲကျမိနေပါသည်။ သူသည် ထိုအထိအတွေ့အား လွမ်းနေခဲ့ပါ၏။"ငါ ဘယ်လိုလုပ် အပြင်သွားရဲတော့မှာလဲ? ဒီညပြန်ရမှာကို ချီးပဲ"
သူသည် စိတ်ညစ်စွာ ညီးညူလိုက်ပါ၏။နေမင်းခကို သူကိုယ်တိုင်လဲမမေ့နိုင်သလို နေမင်းခ၏ အထိအတွေ့များကိုလဲ သူသဘောကျပါ၏။သို့သော်လည်း သူ့ဘက်မှတွန်းထုတ်မိသည်။ နေမင်းခသည်မှာလဲ သူ့နားတွင်သာ ကပ်နေမြဲ။ ဘယ်လိုပဲ သူ့ထွက်ပြေးပုန်းရှောင်နေပါစေ နေမင်းခနဲ့ ထိပ်တိုက်တွေ့စမြဲ။ နေမင်းခကလဲ လက်လွတ်ခံမည့်ပုံလဲမပေါ်ပါ။
အရင်ကလိုပြန်ဖြစ်မှာကို သူ ကြောက်လှပါသည်။