"နေမင်းခ စိတ်လျော့ပါအုံးကွာ......ဟုတ်ချင်မှ ဟုတ်မှာပါကွာ"
"ငါ့မျက်စိနဲ့ ကို မြင်တာ ငရှိုင်းရ.....တောက်!"
"သူက အဲ့လိုမဖြစ်နိုင်ပါဘူး.... မင်းအထင်လွဲတာနေမှာပါ"
နေရှိုင်းမှာတော့ စိတ်တွေ လဲ ညစ်လှပါပြီ။ ပြန်ရောက်လာထဲကပြောနေတာ အခုချိန်ထိ....
ရဲရင့်သွေးက အဲ့လို မလုပ်နိုင်ပါဘူး"သူ့ဟာမကိုက ကိုကိုလို့ ခေါ်ပီး လက်ကိုင်ထားတာကို.... ငါက အထင်မလွဲပဲ ဘာသွားလုပ်ရမှာလဲပြော"
နေရှိုင်းဘာလုပ်ရမယ်မှန်းမသိတော့.... တကယ်ဆိုလျှင်....နေမင်းခသည် ဒီလိုလူစားမျိုးမဟုတ်.... ရဲရင့်သွေးအား တကယ်ပင် ချစ်မိသွားသည်ထင်သည်.. အော် ငါ့သူငယ်ချင်းလေးရယ်😢 rsတွေ တကယ်ခက်တာပဲ
"မင်းကလဲကွာ သူဖုန်းဆက်မှာပါ"
"မသိဘူး အခုဆက်လို့လား"
... rsတွေကတော့ roနိုင်မကro ပြီးးရင် ရန်ဖစ်ကြနဲ့ အမြင်မတော်လှပါပေတယ်
မင်းတို့လဲ rsမထားကြနဲ့။ fa is the bestနော် ။ ဒါမှ အပူပင်ကင်းကင်းနေနိုင်မှာ။
ဥပမာ- ငါ့လိုပေါ့😁 (သူပျက်သွားတိုင်း😒)
ထိုစဉ် ဖုန်းဝင်လာလေသည်။ ထင်တဲ့အတိုင်းပင်......ရဲရင့်သွေးဆီက
"နေမင်းခ ကိုင်လိုက်လေကွာ....မင်းကလဲ သူဘာပြောချင်မှန်းမှ မသိတာ"
"မကိုင်ဘူး ခေါ်ဟာ ကြိုက်သလောက်ခေါ်"
"နေမင်းခ ရာ"
ခဏကြာတော့ ဖုန်းသံလေးဟာ ရပ်တန့်သွားတော့တယ်။
Tong! ခနဲms တစ်စောင် ဝင်လာတယ်။ ရှိုင်းထက်က ဖုန်းယူပီး ဖတ်ကြည့်လိုက်တယ်"နေမင်းခ ရဲရင့် ဆီက သူက တွေ့နေကျ ပန်းခြံမှာ စောင့်နေမယ်တဲ့.... မလာမချင်းစောင့်နေမှာမို့ လာပါတဲ့ သူရှင်းပြချင်လို့ပါတဲ့"
နေမင်းခက ဂရုစိုက်ပုံမပေါ်။
"နေမင်းခ... မင်းသွားသင့်တယ်"
"သွားမယ်"
ရှိုင်းထက် ပျော်သွားသည် ။ အော် စိတ်ဆိုးပြေပြီပဲ။သို့သော် ထင်တာနဲ့ တခြားစီ