"မအိပ်သေးဘူးလား ရဲရင့်သွေး"
အိပ်ရာပေါ်တွင် ဖုန်းကြည့်နေသော ရဲရင့်ကို ရေချိုးပြီး ထွက်လာသူ နေမင်းခက ဆိုပါ၏။
"ညစ်ပတ်လိုက်တာ ရေလဲမချိုးဘူး"
"ပြီးရင်ချိုးမှာလို့"
နေမင်းခလဲ မှန်ရှေ့တွင် ထိုင်လိုက်ကာ ဆံပင်ခြောက်အောင် လေမှုတ်စက်နှင့်မှုတ်နေတော့သည်။
"အိမ်ကတကယ်မိုက်တာပဲ ။ ရဲရင့် ကိုယ်တို့လဲ ဒီလိုမျိုးတအိမ်လောက်ဆောက်ကြမလား"
"ဆောက်လေ "
"အဲ့ဖုန်းကြီးချပါအုံး ။ ဘယ်သူနဲ့ပြောနေတာလဲ"
"အလုပ်လုပ်နေတာ မမြင်ဘူးလား! ရေသွားချိုးလိုက်အုံးမယ်"
နေမင်းခအော်ခံလိုက်ရတော့ ကြောင်တောင်တောင် တောင်ဖြစ်သွားရသည်။ပထမဆုံးအကြိမ်မဟုတ်တော့ သိပ်တော့ဘာမှမဖြစ်ပေ။
"အော် မသိလို့ကို မိန်းမကလဲ အရမ်းအော်တာပဲ စိတ်ဓာတ်"
တိုးတိုးလေးပြောလိုက်သည်ကို ရေချိုးထဲက ရဲရင့်က ကြားဖြစ်အောင်ကြားသေးသည်။ အပေါ်ပိုင်း အင်္ကျီကချွတ်ထားရက်နှင့် တံခါးပြန်ဖွင့်လာပြီး လက်ခလယ်ထောင်ပြကာ ပြန်ဝင်သွားသည်။
အမှန်တကယ်မှာလဲ ရဲရင့်သည် အလုပ်အဆင်မပြေ၍ စိတ်နေတိုနေခြင်းသာ။ထိုသည်ကို နေမင်းခက အဲ့လိုလုပ်နေတော့ ပို၍ စိတ်မကြည်တော့ပေ။
"မိန်းမက ငါ့ကို အရမ်းချစ်တာပဲ "
နေမင်းခလဲ ဆံပင်ခြောက်တော့ အဝတ်စားများကို ဝတ်လိုက်ပြီး အခန်းကို ပတ်ကြည့်နေမိသည်။
"အင်း အခန်းဖွဲ့စည်းပုံကိုက မိုက်တာပဲ"
လိုက်ကြည့်နေဆဲပင် ရေချိုးခန်းထဲက ရဲရင့်ပြန်ထွက်လာလေသည်။ ခါးတွင် တဘတ်ကလေးနှင့်။
"မိန်းမ ဂျီးရောတွန်းရဲ့လား ရေချိုးတာမြန်လိုက်တာ"
"....."
"ဟာ မိန်းမကလဲ ။ ယောင်္ကျားကို စကားပြောပါအုံး"
"လီးဖြစ်နေတာလား?"
"အယ်....."
နေမင်းခ ပါးစပ်ပင်ပိတ်သွားရချေပြီ။ မိန်းမိန်းက ဘာလို့ ဒေါသထွက်နေတာလဲ? အလုပ်အဆင်မပြေတာများလား?