Ting!!Tong!
"အရှေ့မှာ ဘယါသူလဲလဲမသိဘူး ငရှိုင်း သွားဖွင့်အုံး"
"မင်းသွားဖွင့်"
"င်မအားဘူးလေ"
"ငါ ဂိမ်းဆော့နေတယ်ဘလ မြင်ဘူးလား" ဒီလိုနဲ့ နှစ်ယောက်သား ကိုက်နေကြတုန်း ရဲရင့်ကပဲ
"ကျနော်ပဲ သွားဖွင့်လိုက်တော့မယ်"
ထော့နဲ့နဲ့ နှင့် တံခါးသွားဖွင့်ပေးတော့ ပထမဆုံးမြင်လိုက်ရသည်က မိန်းကလေးတစ်ယောက်။သူ့ထက်အသက်ကြီးပုံ ပေါ်သည်။ သေချာသည်က နေမင်းခတို့ အရွယ်
ဝတ်ထားသည့် ဂါဝန်လေးက မတိုမရှည်လေးမို့ လိုက်လွန်းပါသည်။ အသားကဖွေးဖွေးနှင့် သွယ်လျနေသည်
"အမ ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ"
"ကိုကို ဘယ်မှာလဲ ငါသူနဲ့တွေ့ချင်တယ် " မျက်နှာက ခပ်တင်းတင်းနဲ့ ဘောက်ဆပ်ဆပ်နိုင်သည်။ရဲရင့် မတည့်တော့ချေ
"ဘယ်က ကိုကိုလဲ ဘယ်ကိုကိုနဲ့တွေ့မှာလဲ!"
ရဲရင့်လဲ ဘောက်ဆပ်ဆပ်နဲ့ ပြန်မေးချလိုက်သည်။ ဟိုဘက်က ဒေါကန်သွားသည်ထင်သည်
"နေမင်းခကို ပြောတာ ဖယ်စမ်း ကောင်စုတ်လေး ငါအထဲဝင်မယ်"
"ကိုကို သွန်းလာတယ်!!"
နေမင်းခစိတ်ထဲဝယ်*မသာမ ရောက်ချလာပြန်ပီ*
"အော် သွန်းရွှေစင် လာလေ"
"ကိုကို အဲ့ကောင်လေးကို ကြည့်ပြောထားအုံး တံခါးဖွင့်မပေးဘဲနဲ့ ဘောက်ဆပ်ဆပ်ပြန်ပြောတယ် ကိုယ့်အလုပ်သမားကို ကြည့်ပြောထား"
ရဲရင့် ဒေါသများ အလိပ်လိုက်ထွက်လာလေပြီ
*ငါ့ကိုများ ဘာတဲ့ အလုပ်သမား!!!*နေမင်းခ အားနာသွားသည်။ *မသာမကတော့ လုပ်ချလိုက်ပြန်ပြီ*
"အလုပ်သမားမဟုတ်ပါဘူး ဒါနဲ့ ဘာလို့လာတာလဲ ဒီကို"
သွန်းရွှေစင်က နှုတ်ခမ်းဆူကာ"ကိုကိုကလဲ ဖုန်းဆက်တော့လဲမကိုင်ဘူး ပြီးတော့ အဆက်အသွယ်မလုပ်လို့ လာရတာ"
နေမင်းခစိတ်ထဲ အော်ဂလီဆန်နေဘလရဲ့ ။ ငါဘယ်လိုများ ကြိုက်ခဲ့မိတာလဲ ဒီလိုဟာမျိုးကြီးကို။