"ကိုယ်အရမ်း စိတ်တိုတာ။ ကလေး စဉ်းစားကြည့်လိုက် ။ အခန်းက အသံလုံတယ်ပြောသေး အ့ အ့ နဲ့ နှစ်ခန်းလုံးက ကြားနေရတာ အိပ်လို့ကိုမရဘူး"
"အယ် ဟုတ်လား ကိုကို"
ရှိုင်းထက်ပိုင်တစ်ယောက် မျက်ကွင်းညိုနေပုံအရ မနေ့ညက သေချာမအိပ်ခဲ့ရမှန်းသိသာပါ၏။ ထို့နောက်တွင်လည်း မင်းခန့်နှင့် ရဲသွေးအခန်းက ရှိုင်းထက်ပိုင်အခန်း၏ အပေါ်တည့်တည့်ဒုတိယထပ်တွင်ရှိ၏။ ထိုတင်မက ရှိုင်းထက်ပိုင်အခန်းဘေးက နေမင်းခတို့အခန်းဖြစ်သည်။
တညလုံး ထိုအသံများ ကြားနေရသော ရှိုင်းထက်ပိုင်အဖို့တော့ စိတ်မကောင်းစရာပင်။
"အရမ်းကျယ်တာတော့မဟုတ်ဘူးကွာ အသံက တိုးတိုးလေးပဲ ကြားရပေမဲ့ 2ခန်းပေါင်းအသံကွာ ။ ကလေးစဉ်းစားကြည့် အား အား အား နဲ့ကွာ"
တအားအားနှင့် လုပ်ပြနေသော ရှိုင်းထက်ပိုင်ကို ကြည့်ရင်း ရယ်ရမလား ငိုရမလား မသဲကွဲချေ။
"အယ် "
"နောက်ကျကွာ ကလေးလဲလာခဲ့ ကိုယ့်မှာလင် မရှိတဲ့ ပုံစံလိုဖြစ်ဖြစ်သွားတယ် ရှိရဲ့သားနဲ့ကို မဟုတ်ဘူးလား ပြီးတော့ကွာ တစ်ယောက်မှလဲ ထမလာကြဘူး အဲ့တာနဲ့ကိုယ်လဲ တစ်ယောက်ထဲ ထွက်လာပြီး ကလေးနဲ့လာတွေ့တာ ။ ကိုယ်လဲလုပ်ပြချင်တာပေါ့"
"ဟုတ်ပါပြီ ကိုကိုရယ် ဒါမဲ့ ရမှမရတာ အိမ်နဲ့က သိတဲ့အတိုင်းပဲ ဘယ်မှမှမလွှတ်တာကို"
"ကိုယ် ခိုးပြေးမယ်လေ လိုက်မလား?"
"ပရမ်းပတာနဲ့ကိုကိုရာ "
"ကိုယ်ပြောပြမယ် ။ ကိုယ်ကျောင်းထားပေးမယ်လေ ပြီးတော့ ဂရုစိုက်မှာပေါ့ လာ ကိုယ်နဲ့ လိုက်ခဲ့လာ"
"ကိုယ့်မိဘကို အရင်လုပ်ကျွေးလိုက်အုံးနော် ဟွန်း ကျနော် ကျောင်းပြီးလို့ အလုပ်ရရင် လာခိုးပြေး လိုက်ခဲ့မယ်"
"ကိုယ့်မိဘတွေက သူတို့ အခုထိအလုပ်လုပ်နေကြတုံးပဲလေ အ့တော့ ကိုယ်က သူတို့ကိုရှာကျွေးဖို့မလိုသေးဘူးလေ။ ကိုယ့်မိန်းမကိုပဲ လုပ်ကျွေးမှာပေါ့ မဟုတ်ဘူးလား"