"ရဲရင့် ဘာဖြစ်တာလဲ မင်းလက်ကို ဖန်ကွဲစရှမိသေးလား?"
ရေခွက်လေးကိုင်ထားရင်း ရုတ်တရတ် msကို ကြည့်ပြီး ကျကွဲသွားတာဖြစ်တာကြောင့် ရဲသွေး စိတ်ပူပြီး မေးလိုက်သည်။
"....."
ရဲရင့်မှာ ဘာမှ မပြောပဲ စတင် ငိုပါတော့သည်။
ရဲသွေး လန့်သွားပြီး ဖုန်းကို ကြည့်လိုက်သည်
ရဲသွေးမှာလဲ ကြည့်ပြီးပြီးချင်း ပြောစရာစကားများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေသည် ။"ဒါက...ဒါ"
နှစ်ယောက်လုံး စကားပင်ဆက်မပြောနိုင်တော့ချေ။
သူတို့မြင်လိုက်သည်က ဓာတ်ပုံတစ်ခု ။ ဓာတ်ပုံထဲမှာ ကုတင်ပေါ်မှာ အဝတ်အစားမပါတဲ့ လူနှစ်ယောက် ။
တစ်ယောက်က နေမင်းခဖြစ်ပြီး တစ်ယောက်က သွှန်းရွှေစင်ဖြစ်သည်ဓာတ်ပုံတင်မက စာပါအဆစ်ပါသေးသည်
"နင့်ရဲ့ ချစ်လှစွာသော ကိုကိုက နင့်ကို တကယ်ချစ်တယ်လို့ထင်နေတာလား?"
ကံကြမ္မာက သူတို့ကို ဆုံဆည်းခွင့်မပေးချင်ဘူးထင်သည်။ ယခုမှ ပြေလည်ကာစဖြစ်သော်လည်း ယခုထပ်မံ၍ ......
"ရဲရင့် ငါတို့ ဘယ်လိုလုပ်မလဲ"
ဒီလိုငိုနေလို့ မပြီးချေ။ 10တန်း တစ်နှစ်လုံး သူစာထဲမှာပဲ စိတ်ထားပြီး နေမင်းခကို မေ့ထားခဲ့သော်လည်း သူ မေ့မရခဲ့ပေ။
ဒီလို လူမျိုးကို သူဘာကြောင့် မမေ့နိုင်သည်လဲ သူတကယ် မသိတော့ချေ။ ယခု သူယုံရမည်လား?
"ငါ မယုံဘူး ဒါက editတစ်ခုဖြစ်လိမ့်မယ်"
"ပြန်ပို့လိုက်လေ မယုံဘူးလို့ ။ အဲ့တာ သွှန်းရွှေစင်ပဲ ဖြစ်လိမ့်မယ် ။ ရဲရင့် မင်း သူ့ကို အရှုံးခံလို့မဖြစ်ဘူး"
ရဲသွေးပြောသလိုပဲ သူ မိန်းမ တစ်ယောက်နှင့် ပြိုင်နေရသလိုဖြစ်နေသည်။ သူလက်မခံချင်ပေ။
"ငါ သူ့ကို လက်လွတ်လိုက်ချင်ပြီ။ "
မကြာခင်တွင် နောက်ထပ်ထပ်ပို့သောvdတစ်ခုအား တွေ့လိုက်ရချိန်တွင် လုံးဝ စိတ်ပျက်သွားလေတော့သည်။