"ရဲရင့် မင်းဘယ်လို ဒီနားကို ရောက်နေတာလဲ?"
သူ့သူငယ်ချင်း ထိတ်လန့်နေတဲ့ပုံ ကိုကြည့်ပြီးတော့ မေးလိုက်သည်။ ထိတ်လန့်နေသည်ထက် သူ့အောက်ပိုင်းကို နာကျင်သယောင် ပြုမူနေသည့်မို့ သံသယများနှင့်တကွ။
"ရဲရင့် မင်းမဟုတ်မှ?"
သူထင်တာမှန်မလား? မဖြစ်နိုင်ဘူး ဟုတ်မလား?
ရဲရင့်က လက်ခံမှာ မဟုတ်ဘူး? ဖြစ်နိုင်စရာအကြောင်းမရှိဘူးလေ"ဟင်းးးဆက်မမေးနဲ့တော့ ရဲသွေး"
"တကယ်ကြီးပေါ့? ဝါးးး"
" မနေ့ညက ငါအကိုတစ်ယောက်နဲ့တူတူ club မှာသောက်နေတာ အများကြီးသောက်မိပြီး ငါမူးသွားတယ် မနက် ငါနိုးလာတော့ ငါက အဲ့ဒီရောက်နေတာ ပြီးတော့ အောက်ပိုင်းကလဲ နာနေတယ်"
"ဆိုတော့ မင်းတို့က ဖြစ်ခဲ့ကြတယ်ပေါ့? "
ရဲသွေးက ရီပြီးဆက်ပြောတယ်
"ကောင်လေး ဘယ်နှခါရှိနေပြီလဲဟမ်? သတိလေးလဲထားပါအုံး နေမင်းခနဲ့မို့ တော်သေးတယ် တခြားလူနဲ့ဆို ဘယ်လိုလုပ်မလဲ?"
"မေ့ထားရအောင်ကွာ "
"မင်းကတော့ မင်းကိုယ်မင်းပြန်ကြည့်အုံး နေမင်းခနဲ့ ဘယ်နှခါဖြစ်နေတာလဲ? မင်းသူ့ကိုစိတ်ရှိနေသေးတယ်မလား။ သူနဲ့ သေချာဖြေရှင်းကြရင်ရော "
"တော်ပြီ မမေးကြနဲ့တော့ အိမ်သာမြန်မြန်မောင်း"
ဘာမှ မပြောတော့ဘဲ အိမ်ပဲ မောင်းခဲ့တော့တယ်
ကျစ်! ဘာလို့ သူနဲ့ထပ်ဖြစ်ရတာလဲကွာ!
သူ့လို ယုတ်မာပြီး သစ္စာမရှိတဲ့သူနဲ့ ဖောက်ပြန်တဲ့လူနဲ့>>>>>>>>>>>>>
ထိုင်ရက်လေးကျန်နေခဲ့တဲ့ နေမင်းခကတော့
"သူ ငါ့ကို ထိုးသွားတာ??"
ပြန်တွေးပြီး မယုံနိုင်ဖြစ်နေခဲ့တယ်။
မနေ့က အကြောင်းများ ခေါင်းထဲရောက်လာသည်။
"မနေ့ညက သူနေတဲ့ပုံက အရမ်းချစ်ဖို့ကောင်းတာပဲ နှစ်တွေကြာနေတောင် ကလေးတစ်ယောက်လိုပဲ"