part(18)

9.2K 515 195
                                    

Skip time>>>>>>>(ကျော်မယ်ဆိုတာ ချည်းပဲ😅)

"ဒီနေ့က နောက်ဆုံးဘာသာဆိုတော့ နောက်ဆုံးဘိတ်အိပ်နဲ့လွယ် အကောင်းဆုံးဖြေကြမယ်"

"အင်း ဖိုက်တင်း💪💪"

ဒီနေ့က bio ဖြေရမည့် နေ့ဖြစ်သည်။ အဆင်ပြေလောက်ပါရဲ့

နောက်ဆုံးနေ့ဆိုတော့ ရင်ခုန်စိတ်လှုပ်ရှားနေသည်တော့ အမှန်ပင် ။ မြန်မြန်လဲ ပြီးစေချင်သည် ။

ပထမဆုံးနေ့ကလောက်တော့ စိတ်မလှုပ်ရှားပေ ။ bio သည် အရဆုံးဘာသာ ဖြစ်နေသောကြောင့်ပင်။

Skip time>>>>

ဖြေဆိုပြီးချိန်မှာတော့ အပြင်ဘက်ထွက်လိုက်သည်နှင့် ရင်ထဲက အလုံးကြီးကျသွားပြီး လွတ်လပ်သွားသလို ခံစားလိုက်သည်

(covidကြောင့်ကွာ မဟုတ်ရင် 10တန်း မြန်မြန်ပြီး‌ေတာ့မှာကို😭😭😭)

ဖြေနိုင်လားဟု မေးသူက များများစားစားရှိသည်
အကုန်လုံးကို ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်သည်။

10တန်းဆိုသည့် အချိန်ကို သူတို့ ကျော်ဖြတ်ခဲ့ကြပြီလေ။

~~~~~~~~~~~~~~~~~~

"ဘယ်လိုလဲ အရမ်း လွတ်လပ်သွားသလိုပဲ ဟုတ်တယ်မလား"

ရဲရင့်က ပြောလိုက်တော့ ရဲသွေးက ထောက်ခံသည်

"ဟုတ်တယ် စာကျက်ရတာ ပင်ပန်းတယ်"

"ပင်ပန်းတယ်ဆို စားလေ။ အဆောင်မှာ တချို့ဟာတွေ မစားရဘူးမလား ။ ကိုယ်ရှင်းမှာမို့ စားချင်သလောက်သာစား"

အသံပိုင်ရှင်ကတော့ မင်းခန့်ဖြစ်သည်။ ဖြေပြီးပြီးချင်း နှစ်ယောက်လုံးရဲ့ မိဘတွေကိုပြောကာ အပြင်ခေါ်ထုတ်ပြီး မုန့်လာဝယ်ကျွေးခြင်းဖြစ်သည်

စာလုပ်ရတော့ ပင်ပန်းနေရှာ‌မှာပေါ့ မဟုတ်ဘူးလား။ အားရှိအောင် ကျွေးသင့်တာပေါ့(ငါ 10တန်းပြီးရင်တောင် ဒီလိုရှိမှာမဟုတ်ဘူး😬)

"အားနာစရာကြီး "

"စားပါဆို အားနာမနေနဲ့ ကိုယ်ရှင်းပေးမယ်"

"ရဲသွေးကတော့ ပွတာပဲ လုံးဝ sugar daddyကို ရွေးထားတာပဲ "

ရဲရင့်ပြောလိုက်တော့ ရဲသွေး မျက်နှာ ရဲသွားသလို မင်းခန့်မှာလဲ ပါးစပ်နှင့် မျက်နှာတပ်ချိတ်တော့မည်

My cute Babe 💘 (Complete)Where stories live. Discover now