Unicodeရောင်နီသိမ်းစ နေဝင်ရီတရောစအချိန် Ruangroj စံအိမ်တော်ဝန်းကြီး၏ ပန်းခြံ အတွင်း လှပထည်ဝါသော အဆင်တန်ဆာများကို သူ့ထက်ငါအပြိုင် ဝတ်စားဆင်ယင်ထားကြသည့် အထက်တန်းလွှာမှ လူအတော်များများသည် တောင်ပေါ်နေဝင်ချိန်အလှကို ရှုစားကာ ဘူဖေးများလည်း သုံးဆောင်ရင်း ဟိုတစ်စု သည်တစ်စုဖြင့် ထွေရာလေးပါး စကားများ ပြောဆိုနေကြသည်။ သာမန်အချိန်တွင် တော်ရုံလူဝင်မရသည့် စံအိမ်တော် ဖြစ်သဖြင့် ရောက်တုန်းရောက်ခိုက် စံအိမ်တော်ကို ကျီးကန်းတောင်မှောက် လျှောက်ကြည့်ကာ ချီးကျူးကဲ့ရဲ့သူများဖြင့် စီညံနေသေး၏။
ယခုလို စုဝေးနေကြသည့် အကြောင်းအရင်းကတော့ဖြင့် Ruangroj စံအိမ်တော် ၏ တစ်ဦးတည်းသော သားဖြစ်သူ Singto Prachaya Ruangroj၏ လက်ထပ်မင်္ဂလာ ပွဲကြောင့်ပင်။ သတို့သမီးဖြစ်သူကလည်း နယ်နယ်ရရမဟုတ်သည့် Sangpotirat မိသားစု ၏ အငယ်ဆုံးသမီးလေး Aom Kanokwan Sangpotiratဖြစ်တာကြောင့် နှစ်ဖက် မိသားစု၏မိတ်တွေက မနည်းမနော။
" အခမ်းအနားစတင်တော့မှာဖြစ်တဲ့အတွက် အားလုံးပဲ မင်္ဂလာစင်မြင့်အနီး နေရာ ယူပေးကြပါခင်ဗျ "
မှောင်စပျိုးချိန်တွင်တော့ အခမ်းအနားမှူး၏ ကြေညာသံကြောင့် ဧည့်သည်တော် များလည်းစင်မြင့်နားတဖြည်းဖြည်းစုကာ နေရာယူထိုင်လိုက်ကြပြီးနောက် သိပ်မကြာခင် အခမ်းအနားစတင်ကြောင်း ကြေညာလာသည်။
" မင်္ဂလာသတို့သား နေရာယူပေးပါ "
အခမ်းအနားမှူး၏ စကားသံအဆုံး အလယ်လျှောက်လမ်း၏ နီရောင်ခြယ်နှင်းဆီပန်းများ မီးဆိုင်းငယ်တွဲလောင်းလေးများဖြင့် တွဲစပ်အလှဆင်ထားသည့် ဝင်ပေါက်နားကို ဧည့်သည်တော်များ လှည့်ကြည့်လိုက်ကြ၏။
ထို့နောက် မင်္ဂလာစင်မြင့်ဆီသို့ တည်ငြိမ်စွာ တစ်လှမ်းချင်း လျှောက်လှမ်းလာ သည့် အညိုရောင်အနောက်တိုင်းဝတ်စုံပြည့်ကိုမှ ဆံပင်ခပ်နက်နက်တွေအား အနောက်ကို အပြောင်သိမ်းထားပြီး ဇင်ယော်တောင်မျက်ခုံးထူတန်းတန်းတို့ဖြင့် တည်ကြည်ခန့်ညား လွန်းနေသည့် သတို့သားဖြစ်သူကို အားလုံးက ရင်သပ်ရှုမောဖွယ်အကြည့်တို့နှင့် လိုက်လံ ငေးကြည့်နေမိကြတော့သည်။
YOU ARE READING
ၾကင္သူနတ္ဆိုးေလး {ကြင်သူနတ်ဆိုးလေး}
Fanfictionလက်ထပ်ခဲ့တာ မိန်းမပျိုတစ်ယောက်ပေမဲ့ မက်မက်မောမောနမ်းရှိုက်မိတာက နတ်ဆိုးလေးတစ်ယောက်ကိုရယ်~~~ လကျထပျခဲ့တာ မိန်းမပျိုတစ်ယောက်ပေမဲ့ မက်မက်မောမောနမ်းရှိုက်မိတာက နတ်ဆိုးလေးတစ်ယောက်ကိုရယ်~~~ Cover Pic Credit #yu_ririki