Unicode
တစ်လကျော်အတူနေကာလအတွင်း Singtoသိလာရသည်က Kristသည် မိသားစု စီးပွားရေးကို စိတ်မဝင်စားသော Webtoon Seriesတွေကို ကိုယ်တိုင်ဆွဲကာ ရေးသား သူတစ်ယောက်ဖြစ်ပြီး Singtoထက် တစ်နှစ်ငယ်သည်ဆိုသော အနှီKristက သူ ဘယ်လောက်ပြောပြော နှစ်ဦးကြား ပိုလွတ်လပ်အောင် အခေါ်အဝေါ်တွေနှင့် စည်းမထား ချင်ဘူးဆိုကာ သူ့အား Singto လို့ပဲ အမြဲခေါ်ခဲ့သည်။
တကယ်လဲ Kristနှင့် နေရတာ Singto ပေါ့ပါးပါသည်။ သွက်သွက်လက်လက် ရှိ သည့် Kristကပဲ သူတို့ဆက်ဆံရေးကို ဦးဆောင်ပေမဲ့ ထိုသို့ နေရတာကို Singtoကလဲ အသားတကျရှိ၏။
အိမ်သန့်ရှင်းရေးနှင့် လျှော်ဖွတ်ရေးကိုတော့ အဒေါ်ကြီးတစ်ယောက်ကို ရက်ခြား ငှားထားသဖြင့် အဆင်ပြေသည်။ ချက်ပြုတ်ရေးကိုတော့ ထိုနေ့က ဒီအိမ်မှာ နေခွင့်ရ အောင် စကားသက်သက်သာ ပြောခဲ့တာမဟုတ်သည့် Kristက တကယ်လဲ တာဝန် အပြည့်ယူခဲ့သည်။ မနက်ဆို Singto အတွက် မနက်စာပြင်ပေးပြီး မနက်စာ အတူစား ကာ Singto အလုပ်သွားတော့မှ တိတ်ဆိတ်နေမှ အာရုံပိုစိုက်လို့ ကောင်းသည်ဆိုကာ တစ်ညလုံး ပုံဆွဲလိုက် စာရေးလိုက် လုပ်ထားသည့် Kristက အိပ်ယာဝင်တတ်သည့် ရက်တွေကများသည်။
အရင်ကတည်းက အပြင်စာ တော်ရုံမစားတတ်သည့်အပြင် Kristလက်ရာလေးကို ကြိုက်သဖြင့် Krist ရောက်လာပြီးနောက်ပိုင်း နေ့လည်စာကိုလည်း အိမ်ကို ပြန်စားဖြစ် သည်။ ဒါကိုလည်း အလုပ်ပိုသည် မဆိုဖူးသည့် Kristက Singtoပြန်လာချိန်နှင့်ကိုက်ကာ အဆင်သင့် ပြင်ထားပေးတတ်မြဲ။
" Singto အိမ်မှာ အလကားကပ်နေတယ်တော့ အပြောမခံနိုင်ပေါင် "
အိမ်ခေါ်ထားပြီး ခိုင်းစားသလို ထင်မှာစိုးသဖြင့် အဆင်မပြေလျှင် မချက်စားဖို့ ပြောတုန်းကလည်း ထိုစကားကိုသာ မျက်ခုံးလေး ပင့်ကာ ပြောပြီး ဘာမှမဖြစ်သလို ပြော လာသဖြင့် ထပ်မတားဖြစ်တော့။
" အာ Singto အဲ့အရောင်ကြီးက လိုက်မှ မလိုက်တာကို "
အခုလည်း မနက်စာစားပြီး ရုံးသွားရန် ပြင်ဆင်နေသည့် Singtoကို အိပ်ယာထဲ ဝင်ဖို့ ဟန်ပြင်နေသည့် Kristက လှမ်းပြောလာသဖြင့် မှန်ကြည့်ကာ နက်ခ်တိုင်စည်းရင်း တန်းလန်း မှန်ထဲမှတစ်ဆင့် Kristကို ပြန်ကြည့်လိုက်သည်။
YOU ARE READING
ၾကင္သူနတ္ဆိုးေလး {ကြင်သူနတ်ဆိုးလေး}
Fanfictionလက်ထပ်ခဲ့တာ မိန်းမပျိုတစ်ယောက်ပေမဲ့ မက်မက်မောမောနမ်းရှိုက်မိတာက နတ်ဆိုးလေးတစ်ယောက်ကိုရယ်~~~ လကျထပျခဲ့တာ မိန်းမပျိုတစ်ယောက်ပေမဲ့ မက်မက်မောမောနမ်းရှိုက်မိတာက နတ်ဆိုးလေးတစ်ယောက်ကိုရယ်~~~ Cover Pic Credit #yu_ririki