Part-4 (Unicode+Zawgyi)

1K 83 7
                                    

Unicode

“ ကျွန်တော်မရှိတာနဲ့ နေမကောင်းဖြစ်ရအောင် အဲ့လောက်တောင်ပဲ လွမ်းနေရလားဗျာ ”

လေသံက အပြစ်တင်တာလဲမဟုတ်၊ ဆူပူတာမျိုးလဲ မဟုတ်ပါပဲ တမင် စနောက်နေတာကြောင့် Singto အားမရှိသည့်ကြားမှ Kristကို မျက်စောင်းလှမ်းခဲလိုက်၏။ အခုလို ဖြစ်ရတာ ဘယ်သူ့ကြောင့်မို့လို့လဲ။

“ ကဲပါ စူပုပ်မနေနဲ့ ငါးဥဆန်ပြုတ်ပူပူလေး သောက်ရအောင် ”

ပြောရင်း လူကို လာထူကာ ကုတင်ခေါင်းရင်းမှာ မှီစေသည့် Kristသည် Singto ကို နေရာချပြီးသည်နှင့် ကုတင်ဘေးစားပွဲပေါ် တင်ထားသည့် ဆန်ပြုတ်ပန်းကန်လေးကို ယူကာ အနည်းငယ် မှုတ်ပေးပြီးမှ ခွံ့ကျွေးလာသည်။

“ အာ…. ”

“ ဘာလို့ မပြောဘဲ သွားလိုက်တာလဲ ”

“ စာရေးထားခဲ့တယ်လေ ”

“  ဖုန်းဆက်လဲ ရတာကို ”

“ အလုပ်များနေမှာ စိုးလို့.. ကဲပါ ဆန်ပြုတ်တွေ အေးကုန်မယ် အာ… ”

တမင်စကားစကို ဖြတ်ပြီး ဇွန်းကို ပါးစပ်နား အတင်းတေ့ကာ လူကိုခွံ့ကျွေးရင်း သူပါ ပါးစပ်လိုက်ဟနေသည့် Kristပုံစံက တကယ်မှန်းရခက်သည်၊ တစ်ခါတစ်လေ အပူအပင်ကင်းသည့် ကလေးလေးနှင့်တူသလို တစ်ခါတစ်လေကျတော့လည်း ထီမထင်စတိုင်လေး နဲ့ ဇွတ်တရွတ် လုပ်ချင်ရာ လုပ်တတ်သေး၏။

အခုလိုပေါ့ ကြိုမပြောဘဲ ရုတ်တရက်ကြီး မပြောမဆို ခရီးထွက်သွားသူကြောင့် စိတ်မကောင်းဖြစ်မိသလို အဒေါ်ကြီး ချက်တာကို မစားနိုင်သည့် Singtoခမျာ ဒီနှစ်ရက် သုံးရက်အတွင်း အလုပ်ပိလို့ ပင်ပန်းရသည့်ကြား အစားအသောက်ပါပျက်ကာ နေမကောင်း ဖြစ်ခဲ့ရသည်လေ။

“ ကဲ ကုန်သွားပြီ Singtoလေးက လိမ္မာလိုက်တာ ”

အခုမှ ခံတွင်းပြန်တွေ့ကာ ခဏချင်း စားကုန်သွားပုံရသည့် Singtoကို ကြည့်ရင်း Krist ကျေနပ်သွားရ၏။ သူသွားလိုက်ကတည်းက သူမ ဘယ်လောက်ကျွေးကျွေး အစား ကောင်းကောင်းမဝင်ဘဲ နေမကောင်းပါဖြစ်နေခဲ့တာဆိုသည့် အဒေါ်ကြီးစကားကြောင့် Kristလဲ ရောက်ရောက်ချင်း ရှိတာလေးနှင့် ဆန်ပြုတ်အမြန်ပြုတ်ကာ ကျွေးလိုက်မိတာ တော်သေးသည်။

ၾကင္သူနတ္ဆိုးေလး {ကြင်သူနတ်ဆိုးလေး}Where stories live. Discover now