Part-12( Unicode+Zawgyi)

929 79 11
                                    

[Unicode]

Part-12

“ Siri မနက်က လက်မှတ်ထိုးဖို့ ပြောထားတဲ့ ဖိုင်တွဲလေး ယူခဲ့ပေးပါဦး ”

Singto အခန်းအပြင်က အတွင်းရေးမှူး Siriကို ဖုန်းဖြင့် လှမ်းပြောလိုက်ပြီး သိပ်မကြာလိုက် တံခါးခေါက်သံနှင့်အတူ အထဲကို လျှောက်လာသော ခြေသံကြောင့် မော့မကြည့်ဘဲ စကားလှမ်းပြောလိုက်မိသည်။

“ ယူလာခဲ့ပြီလား Siri အထဲက အချက်အလက်တွေကော စုံပြီလား ”

“ ဟုတ်ကဲ့ အဆင်သင့်ပါပဲ ”

“ ဟင် ”

သို့သော် သူထင်ထားသလို Siriမဟုတ်နေဘဲ ယောင်္ကျားလေးအသံဖြစ်နေသဖြင့် Singto တအံ့တဩမော့ကြည့်မိတော့ ဖိုင်ကိုင်ထားသူက Kristဖြစ်နေ၏။

ထိုနေ့က ကားပေါ်တွင် အနမ်းမိုးတို့နှင့်အတူ နှစ်ကိုယ်ကြား ကြည်ဖြူမှု အနည်းငယ် ပြန်ရခဲ့ပြီးနောက် အိမ်ထိ ပြန်ပါလာသူက ဘန်ကောက်ပြန်ဖို့စကားကို မဆိုတော့ဘဲ အိမ်မှာ ပြန်နေနေတာ တစ်ပတ်နီးပါးရှိခဲ့ပြီ။ မေးလိုက်တိုင်းလည်း ပြန်တော့မှာပါဆိုသည့် စကားကိုပဲ ထပ်ခါ ထပ်ခါပြောနေသဖြင့် ဒီတိုင်း လျစ်လျူရှုထားခဲ့လိုက်တော့တာ။ အခုတော့ ရုံးကိုပါ လိုက်လာတယ်ပေါ့လေ။

“ မင်းက ဘယ်လိုလုပ်.. ”

“ ဖိုင်တွဲလာပို့တာပါ ”

Singtoမျက်မှောင်ကုပ်ကာ ဆိုမိတော့ တစ်ဖက်ကလည်း လက်ထဲမှ ဖိုင်တွဲကိုသာ ထောင်ပြကာ အေးအေးလူလူ ပြန်ပြောလာသည်။

ကြည့်ရတာ Singtoက Siriကို လှမ်းပြောသည့်အချိန် Kristလည်း Siriအနားမှာ ရှိနေခဲ့ဟန်တူသည်။ Singtoဆီလာသည့် Kristကို Siriကလည်း သိနေပြီးသားမို့ ဖိုင်တွဲကို ထည့်ပေးလိုက်ပုံရ၏။

“ ဘာလို့လာတာလဲ ”

“ အင်း လွမ်းလို့ပေါ့ ”

အမှတ်သည်းခြေတစ်စက်ကလေးမှ မရှိဘဲ ခုန်လာသေးသည့် နှလုံးသားကို စိတ်တွင်းမှ ကြိတ်ကျိန်ဆဲကာ အပြင်ပန်းကတော့ဖြင့် လျစ်လျူရှုထားဟန် မျက်နှာကို တစ်ဖက်လှည့်နေရင်း လက်တစ်ဖက်ကို မြှောက်လျက် ဖိုင်တွဲကိုပဲ လှမ်းတောင်းလိုက် တော့ ဖိုင်တွဲမဟုတ်ဘဲ လက်ပေါ် ကျလာသည့် အထိအတွေ့ကြောင့်  Singto အလန့်တကြား လှည့်ကြည့်လိုက်မိသည်။

ၾကင္သူနတ္ဆိုးေလး {ကြင်သူနတ်ဆိုးလေး}Where stories live. Discover now