Part-2 (Unicode+Zawgyi)

1.4K 99 3
                                    


Krist လေးပင်နေသော ဂါဝန်ရှည်ကြီးကို ဝတ်ကာ တစ်နေကုန် ပြေးလွှား ဧည့်ခံ ထားရသဖြင့် လူက အရမ်းကို ပင်ပန်းနေသည့်အပြင် ကားပေါ်မှာလဲ မသက်မသာ အနေ အထားနှင့်သာ အိပ်ခဲ့ရသည်မို့ မင်္ဂလာလက်ဖွဲ့အဖြစ် ရထားသည့်အိမ်ကို ရောက်သည်နှင့် Singto သူငယ်ချင်းတွေကိုတောင် အားမနာနိုင်တော့ဘဲ အိပ်ခန်းကိုသာ တန်းတက်လာ လိုက်သည်။

အိပ်ခန်းထဲကို ရောက်သည်နှင့် ရေချိုးကန်ထဲ ရေနွေးနွေးလေးစပ်ကာ အကြာကြီး ရေစိမ်ချိုးပြီးတော့မှ ဝရန်တာတွင် စိတ်ပြေလက်ပျောက် ဆေးလိပ်ထွက်သောက်နေစဉ် ဘလိုင်းကြီး နောက်ကနေ လူကို အတင်းလာသိုင်းဖက်ပြီး အသားယူလာသူကြောင့် Krist လက်ထဲက စီးကရက်တိုလေးခမျာ မြေပြင်သို့ သက်ဆင်းသွားခဲ့ရ၏။

ထိုမျှနှင့် မပြီးသေးပဲ လူကို မျက်နှာချင်းဆိုင် ဆွဲလှည့်ကာ နှုတ်ခမ်းတွေကို ကျူးကျော်သိမ်းပိုက်လာသူသည် လှုပ်မရအောင်ပါထိန်းထားသဖြင့် အခြေအနေက မလူးသာမလွန့်သာဖြစ်ရင်း နောက်ဆုံး နှစ်ယောက်အိပ်ကုတင်​ကြီးဆီရောက်မှ Krist အသက်ရှုချောင်သွားရသည်။
ထို့နောက် မှောက်လျက်ကြီး အိပ်မောကျသွားခဲ့သူကို မှတ်လောက်သားလောက် အောင် ဒီအတိုင်း ပစ်ထားလိုက်မည် ကြံပြီးမှ မိမိပါ အိပ်စရာပျောက်မည့်အဖြစ်ကို တွေးမိ ကာ အိပ်ယာပေါ် ကန့်လန့်မှောက်နေသူကို နေရာပြန်ချပေးလိုက်ပြီး ခေါင်းကို ခြောက် အောင် ခဏဆက်သုတ်ပြီးမှ ဘေးက နေရာအလွတ်တွင် ဝင်လှဲလိုက်၏။

ကြည့်ရတာ Singtoသည် မူးနေသည့်အရှိန်ကလဲပါ Kristခေါင်းပေါ်က သဘက် ကြောင့် ဆံပင်တိုတွေကိုလဲ မမြင်ရနှင့် မိန်းမအသွင် ဝတ်ထားတာ မဟုတ်သော်ငြား သူ့သတို့သမီးပဲထင်ကာ Kristကို နမ်းလာခဲ့ပုံပင်။ ဘုရားသိကြား‘မ’လို့ အိပ်ပျော်သွား ၍သာ တော်သေးသည်၊ လူကို နှုတ်ခမ်းပေါက်မတတ် ဖိနမ်းတာများ နှုတ်ခမ်းတွေက ကျိန်းစပ်လို့ ကျန်ခဲ့သည်လေ။

အစကတော့ Singtoအိပ်ခန်းထဲ ဝင်လာလျှင် အဖြစ်အပျက်တို့ကို ရှင်းပြကာ ညှိ နှိုင်းဖို့ ကြံရွယ်ထားခဲ့သော်လည်း အိပ်ပျော်သွားခဲ့ပြီဖြစ်သူကြောင့် စီစဉ်ထားသလို ဒီည တော့ ညှိနှိုင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့။ မနက်မှပဲ မီးစင်ကြည့်ကရတော့မည်။

ၾကင္သူနတ္ဆိုးေလး {ကြင်သူနတ်ဆိုးလေး}Where stories live. Discover now