Unicode
နေလုံးကြီးဟာ တာဝန်ကျေပွန်စွာ တောင်စပူအကွယ်မှတစ်ဆင့် တရိပ်ရိပ်နှင့် တက်လာရာမှ ခြံဝန်းတစ်ခု၏ မြက်ခင်းပြင်လေးတွင် လေတိုးမရအောင် တိုးဖက်ကာ အိပ်မောကျနေသော ကောင်လေးနှစ်ယောက်ပေါ်သို့ ဖြာကျပေးရင်း မနက်ခင်းကို နှုတ်ဆက်လိုက်၏။
ထိုအခိုက် ဘေးကကောင်လေး၏ လက်ခမောင်းကို ခေါင်းအုံးကာ အိပ်မောကျနေသူလေးကတော့ဖြင့် တယုတယ ထွေးပွေ့ပေးထားသူအားကိုးနှင့် သူ၏ မျက်နှာနုနုကို ထိုကောင်လေး၏ ရင်ခွင်ထဲ တိုးဝင်ကွယ်ဝှက်ရင်း နေမင်းကြီး၏ နှုတ်ဆက်မှုကို လျစ်လျူရှုလိုက်သလို ထွေးပွေ့ပေးထားသူ ကောင်လေးကတော့ မျက်နှာပေါ် ရိုက်ခတ် လာသည့် ရောင်ခြည်နုနုအား သူ့မျက်လုံးတွေကို ထပ်စူးမလာအောင် လက်ဝါးတစ်ဖက် ဖြင့် ပြန်ကာလိုက်ရင်း ရင်ခွင်ထဲ တိုးဝင်လာသည့် ခေါင်းလုံးလုံးလေးကို ခံစားလိုက်ရသည့်အခိုက် လက်ရှိအနေအထားကို သတိရသွားဟန်ဖြင့် မျက်လုံးလေး ဆတ်ခနဲ ပွင့်လာလေ၏။
မနေ့ညက မြက်ခင်းပြင်ပေါ်ဝယ် အနမ်းတွေဖလှယ်ရင်း နှစ်ဦးသား အောက်စီဂျင် လိုအပ်လာချိန်တွင်မှ ရပ်တန့်ခဲ့ကြပြီးနောက် ထိုမြက်ခင်းပြင်ပေါ်မှာပဲ Kristကို ရင်ခွင်ထဲ ထည့်ကာ အိပ်မောကျသွားခဲ့သည်ပဲ။
“ အွင်း… ”
“ အင်းအင်း ဆက်အိပ် ဆက်အိပ် ”
Singto ညကအကြောင်းတွေ ပြန်တွေးမိရင်း အိပ်ချင်မူးတူးရုပ်လေးနှင့် အကြောတစ်ချက်ဆန့်လျက် ရင်ဘတ်ပေါ် မေးစေ့လေးတင်ကာ လူကို မော့ကြည့်လာသော Kristကို ငုံ့ကြည့်တော့ ရင်ခွင်ထဲက အကောင်ပေါက်လေးက အိပ်ချင်ပြေသေးပုံမရ။
Singto ပြောလိုက်တော့ ခေါင်းတငြိမ့်ငြိမ့်နှင့် ရင်ဘတ်ပေါ် မျက်နှာအပ်ကာ ခါးကို ခပ်တင်းတင်း ထပ်ဖက်ရင်း ပြန်အိပ်သွားခဲ့သဖြင့် Singtoလဲ ခေါင်းလုံးလုံးလေးကို မျက်နှာတစ်ခုလုံး နစ်ဝင်သွားအောင် နမ်းရှိုက်လိုက်ရင်း ခပ်တိုးတိုးဆိုမိ၏။
“ ဘာမှမတွေးချင်သေးဘူး ဒီလိုလေးပဲ နေချင်မိတယ် ”
Krist နိုးလာတော့ မြက်ခင်းပြင်ထက်က Singtoရင်ခွင်ထဲမှာ မဟုတ်တော့ဘဲ အိစက်စက် မွေ့ယာပေါ် ပြန်ရောက်နေပြီ။ သူမှတ်မိသလောက် မနက်အစောပိုင်းထိ သူတို့ မြက်ခင်းပြင်ပေါ် ရှိနေခဲ့သည်မဟုတ်ဖူးလား၊ Singtoတောင် အိပ်ချင်မူးတူးဖြစ်နေသည့် သူ့ကျောလေးကို ပုတ်ပေးရင်း ခေါင်းလေးကို နမ်းလိုက်သေးသလို။ ဒါမှမဟုတ် သူ အိပ်မက်မက်နေခဲ့တာလား။
YOU ARE READING
ၾကင္သူနတ္ဆိုးေလး {ကြင်သူနတ်ဆိုးလေး}
Fanfictionလက်ထပ်ခဲ့တာ မိန်းမပျိုတစ်ယောက်ပေမဲ့ မက်မက်မောမောနမ်းရှိုက်မိတာက နတ်ဆိုးလေးတစ်ယောက်ကိုရယ်~~~ လကျထပျခဲ့တာ မိန်းမပျိုတစ်ယောက်ပေမဲ့ မက်မက်မောမောနမ်းရှိုက်မိတာက နတ်ဆိုးလေးတစ်ယောက်ကိုရယ်~~~ Cover Pic Credit #yu_ririki