Unicode
ဘာလိုလိုနှင့် အတူရှိခဲ့ကြတာ လတွေစားလို့ နှစ်ပင်ကူးခါနီးခဲ့ပြီ။ တွေ့ဆုံပုံက ဆန်းကြယ်သလို တော်စပ်မှုတွေကို မေ့ထားမိရင်းက မသိလိုက်သည့်အချိန်မှာပဲ ချစ်မိသွားခဲ့တာ။ မဖြစ်သင့်မှန်း မဖြစ်နိုင်မှန်း မတွေးမိတာမဟုတ်ပေမဲ့ အတတ်နိုင်ဆုံး မတွေးမိအောင်နေဖြစ်သလို ထိုကိစ္စနှင့် ပတ်သက်ပြီး စကားမစမိအောင်လဲ နေဖြစ်ကြသည်။
နှစ်ဦးကြားပတ်သက်မှုကိုလဲ အမည်တပ်တာမျိုးမရှိဘဲ ဒီလိုလေးပဲစိတ်တူကိုယ်တူ ရှိခဲ့ကြတာ။ အတူရှိနေနိုင်သမျှအချိန်ကာလတစ်ခုအထိလဲ ဒီလိုလေး နေသွားဖို့ပဲမျှော်လင့်ခဲ့ရုံ။
“ Singto… Tuan… ”
“ အင်…… ”
“ ထတော့လေ အလုပ်မသွားဘူးလား ”
လေတိုးမရအောင် ခပ်တင်းတင်း အဖက်ခံထားရသည့် ကောင်လေးက ခေါင်းလေး မရရအောင် ဖော်ပြီး မေးလာတာကို လျစ်လျူရှုရင်း တိုးဖက်ပစ်လိုက်တော့ ရင်ခွင်ကြားထဲ ပြန်ဝင်သွားရသည့် ခေါင်းလုံးလုံးလေးဆီမှ အသံအစ်အစ်လေးက ထွက်လာပြန်သည်။
“ ရော် အသက်ရှုကြပ်နေပြီလို့ ဒီမှာ.. ”
“ ဒီထက်တောင် တိုးဖက်ချင်သေးတာ ”
“ လူကို အသေသတ်နေတာလား ဖယ်ပါတော့ဗျာ ”
ရင်ဘတ်တွေကို မရရအောင် ထုလာတော့မှ ဖယ်ပေးလိုက်တော့ ရင်ခွင်ထဲမှ တိုးထွက်လာသည့် မျက်နှာလေးက မျက်စောင်းလေးပါ အပိုဆုပေးလာ၏။
“ ဒီမှာ ဖက်မဝသေးတာကို.. ”
“ တစ်ချိန်လုံး လူကို အသားယူဖို့ပဲ တွေးနေလိုက် ”
“ မင်းမို့ပါဆို ”
“ အဲ့အပြောလေးနဲ့ လုပ်စားနေပြန်ပြီ.. ထတော့ဆို အလုပ်နောက်ကျဦးမယ် ”
“ နမ်းပြီးရင် ”
“ အကြာကြီးမရဘူးနော်… တော်ကြာ… ”
စကားပင်မဆုံးလိုက်၊ နှုတ်ခမ်းတွေကို ပိတ်သိမ်းလိုက်ပြီး မွတ်မွတ်သိပ်သိပ် အနမ်းတို့ပေးလာသူကြောင့် Kristအနမ်းခံရင်းမှ ပြုံးလိုက်မိ၏။ Singtoက Krist၏ နှုတ်ခမ်းဖူးဖူးတွေကို အချိန်တိုင်း မက်မက်မောမော ရှိလှသော်လည်း နမ်းတာထက်တော့ ဘယ်တုန်းကမှမပိုခဲ့။ လျှပ်တစ်ပြက်အနမ်းတို့နှင့် လူကိုယစ်မူးစေတတ်ပေမဲ့ ဘယ်တုန်းကမှ စည်းမကျော်ခဲ့ပဲ အနမ်းရှရှတို့ဖြင့်သာ အဆုံးသတ်ပေးခဲ့မြဲ။
YOU ARE READING
ၾကင္သူနတ္ဆိုးေလး {ကြင်သူနတ်ဆိုးလေး}
Fanfictionလက်ထပ်ခဲ့တာ မိန်းမပျိုတစ်ယောက်ပေမဲ့ မက်မက်မောမောနမ်းရှိုက်မိတာက နတ်ဆိုးလေးတစ်ယောက်ကိုရယ်~~~ လကျထပျခဲ့တာ မိန်းမပျိုတစ်ယောက်ပေမဲ့ မက်မက်မောမောနမ်းရှိုက်မိတာက နတ်ဆိုးလေးတစ်ယောက်ကိုရယ်~~~ Cover Pic Credit #yu_ririki