Part-5 (Unicode+Zawgyi)

1K 74 5
                                    

Unicode

" ဆရာ.. ဆရာ "

" ဟင် အင်း Siri "

" Siriခေါ်နေတာ ကြာပြီ ဆရာ အဆင်ပြေရဲ့လား "

အတွင်းရေးမှူးမလေး၏ အမေးကို Singtoခေါင်းယမ်းလိုက်မိသည်။ တကယ်က သူ အတွေးလွန်နေခဲ့တာ။

" ဘာမှမဖြစ်ဘူး အဆင်ပြေပါတယ် ဘာကိစ္စရှိလို့လဲ Siri "

" အော် ဒီဇိုင်းသစ်လေးရဲ့ Feedbackတွေ တင်ပြလာလို့ပါ "

" အခြေအနေ ကောင်းရဲ့လား "

" ဟုတ် အရမ်းကောင်းပါတယ် ဒီနှစ်လဲ မနှစ်ကစံချိန်ကို ချိုးသွားတယ် ဆရာ.... အော်ဒါအသစ်တွေလဲ အများကြီး ထပ်တက်ထားပါတယ် "

ဝမ်းပန်းတသာပြောပြနေသော်လည်း စိတ်မပါတပါသာ ပြုံးပြလာသည့်Singtoကို ကြည့်ရင်း Siri အံ့ဩမိသည်။ ပုံမှန်သာဆို ဒီလိုအချိန်မှာ ပျော်မြူးကာ စားဝိုင်းတွေ ဘာတွေ ကျင်းပပေးနေကျ ဆရာက ဒီနေ့တော့ သူမ ဘာပြောပြော စိတ်မပါနေသလိုပင်။

" အင်း တခြားတင်ပြစရာမရှိရင် ဒီနေ့တော့ ကျွန်တော် ပြန်နားတော့မယ် ခေါင်း သိပ်မကြည်လို့ "

" အာ ဟုတ်ကဲ့ဆရာ တခြားတော့ မရှိပါဘူး "

" ဒါဆို ကျွန်တော် ပြန်နှင့်ပြီနော် "

ထိုသို့ဖြင့် စိတ်နှင့် ကိုယ်နှင့် မကပ်သလို ထထွက်သွားသော Singtoကိုကြည့်ရင်း Siriတစ်ယောက် လားပေါင်းများစွာနှင့် ကျန်ခဲ့တော့လေ၏။

Singto အလုပ်ကနေ ထွက်လာခဲ့သော်လည်း အိမ်ကိုမပြန်ချင်သေးသည်မို့ ကော်ဖီဆိုင်တစ်ခုတွင် အချိန်ဖြုန်းနေလိုက်သည်။ ဒီနေ့သည် သူ့အတွက် အရေးကြီးသည့်နေ့တစ်နေ့ဖြစ်သည့်အတွက် မနက်အစောပိုင်း ဖခင်ဖြစ်သူထံမှ ဖုန်းကောလ်ရယ် သူငယ်ချင်းတွေထံမှ မက်ဆေ့ခ်ျတစ်ချို့ရယ် ရရှိခဲ့ပြီးဖြစ်သော်ငြား စိတ်ထဲ ဟာတာတာဖြစ်နေဆဲ။ အလုပ်ဖွင့်ရက်မို့ ဒီမြို့က သူငယ်ချင်းတွေနှင့်လဲ မတွေ့ဖြစ်သလို ညဘက်တွေ့ဖို့ ချိန်းကြတာကိုလဲ Singtoကပဲ စိတ်မကြည်လို့ နောက်ရက်မှ တွေ့မည်ဟု ငြင်းခဲ့လိုက်သည်လေ။

တကယ်တော့ ဒီလိုရက်ကို Singtoက မပြောပြထားဘဲ Krist မသိနိုင်ဘူးဆိုတာ သိပေမဲ့ ဘာလို့လဲမသိ ကိုယ်တိုင်လဲ မပြောပြချင်မိ၊ တစ်နေ့လုံး ဒါကိုပဲ တွေးမိတိုင်းလဲ စိတ်က အလိုလို မကြည်လာတော့။

ၾကင္သူနတ္ဆိုးေလး {ကြင်သူနတ်ဆိုးလေး}Where stories live. Discover now