Part-10 (Unicode+Zawgyi)

831 70 12
                                    

Unicode

ပြာနုနုကောင်းကင်ရောင်မှ နီကျင်ကျင်ကောင်းကင်အဖြစ် တမဟုတ်ချင်း ပြောင်းလဲသွားသော ရာသီဉတုကြောင့် လူသူကင်းရှင်းသည့် လမ်းမထက် ကားကို ပုံမှန်သာမောင်းနေရာမှ Singtoအရှိန်အနည်းငယ် မြှင့်လိုက်မိသည်။

“ ငါတို့အိမ်က လူကြီးတွေကလဲကွာ အမြဲ လောလော လောလောနဲ့ ”

ခေါင်းကုပ်ရင်း မကျေမလည်ပြောလာသော Phi Waveကို ကားမောင်းနေရင်းမှ စောင်းငဲ့ကြည့်လျက် Singtoရယ်မိသည်။ သူ့ဆီရောက်နေတာ သိသွားသည့် အမျိုးအဆွေ တွေက Phi Waveနှင့် သူ့အား မိသားစုတွေ့ဆုံပွဲလုပ်မည်ဆိုကာ Ruangroj အိမ်တော်သို့ ချက်ချင်းလာခိုင်းသဖြင့် နှစ်ဦးသား ညနေပိုင်းမှ သုတ်ခြေတင် ထွက်ခဲ့ရသည် မဟုတ် လား။

“ အဲ့ဒါ Phi Waveကြောင့်ပဲလေ ဘာလို့ ကျွန်တော်နဲ့ရှိနေတာကို Aaa Priကို ပြောလိုက်ရတာလဲ ”

“ ငါလဲ ဘယ်သိမလဲ ငါ့Maeခမျာ ငါ့သားလေးလည်း ရောက်ကတည်းက လျှောက်သွားနေတယ် ပြောနေမှာစိုးလို့ သက်သေခံခိုင်းကာမှ ဒီလိုဖြစ်မယ်လို့ ”

Phi Waveစကားအဆုံး နှစ်ယောက်သား တဟားဟားထရယ်မိကြသည်။ ထို့နောက် နီကျင်ကျင်ကောင်းကင်ထက်မှ မိုးသားများညို့လာသည်ကို မြင်သွားပုံရသည့် Phi Wave က Singtoပုခုံးတွေကို လာပုတ်ကာ မိုးသားတွေကို ပြရင်း ပြောလာသည်။

“ ဒီညတော့ မိုးလာမယ်ထင်တယ် Singရေ ”

“ ဟုတ်ပဗျာ အဲ့ဒါကြောင့် မြန်မြန်မောင်းနေတာ မိုးမလာခင် ဟိုရောက်ရင် ကောင်းမယ် ”

Phi Wave ၏စကားကို သံယောင်လိုက်ရင်း ကားကို ခပ်သွက်သွက် ထပ်မောင်း လိုက်တော့  တစ်နာရီခွဲတောင် မမောင်းရဘဲ Ruangroj အိမ်တော်သို့ ရောက်သွားခဲ့ကြ သည်။ အိမ်တော်ကို ရောက်တော့ မှောင်စပင်ပျိုးနေပြီဖြစ်သလို မိုးဖွဲလေးများကလည်း အနည်းငယ်ကျနေပြီဖြစ်၏။

“ တော်သေးတာပေါ့ကွယ် မိုးမသည်းခင် ရောက်လာလို့ ”

“ ဟုတ်ပ Maeရာ တကယ်တော်သေးတယ် ”

ဂိုဒေါင်ထဲထိ ကားကိုသွင်းပြီးမှ ဆင်ဝင်အောက်ကို အပြေးကူးလာကြတော့ Phi Wave ၏ မိခင် Khun Priyaက စောင့်ကြိုနေသည်။

ၾကင္သူနတ္ဆိုးေလး {ကြင်သူနတ်ဆိုးလေး}Where stories live. Discover now