Part-9 (Unicode+Zawgyi)

836 72 5
                                    

Unicode

Singto ထွက်သွားသည့် ကျောပြင်ငယ်နောက်ကို အပြေးလိုက်ကာ မှီရာလက်ကို လှမ်းဆွဲလိုက်တော့ ခြေလှမ်းတွေ ခဏတန့်သွားပြီးမှ နောက်လှည့်ကြည့်လာသူ၏ မှင်သေသေမျက်နှာထားကြောင့် ဖမ်းဆုပ်ထားသည့်လက်ကို ယောင်ပြီးလွှတ်လိုက်မိသည်။

" မင် မင်း လျှောက်ပြောနေတာမလား "

" Singto.... "

" ကိုယ့်ကို နောက်..နောက်နေတာမလား "

" ဘယ်လိုထင်လို့လဲ "

ထို့နောက် ခဏစိုက်ကြည့်နေရာမှ မျက်ခုံးလေးတစ်ဖက်ပင့်ကာ မေးလာသည့် Kristကို ကြည့်ရင်း တဖြည်းဖြည်း ပြောင်းလဲလာသည့် ပြုံးစစမျက်နှာပေးကြောင့် Singto အဖြေကို သဘောပေါက်သွားရသည်။

" ဟူး... တကယ်လန့်သွားတာပဲကွာ "

" အမ်း Singtoရှိနေမှန်းသိလို့ စကြည့်တာ "

မျက်နှာချင်းဆိုင်ရပ်လာပြီး ပါးချိုင့်လေးတွေ ပေါ်သည်အထိ ရယ်ပြနေသူလေးက သူ့အား စနောက်လိုက်ရသဖြင့် သဘောကျနေပုံကြောင့် Singto ခုမှ သက်ပြင်းလေးချကာ ခေါင်းယမ်းရယ်နိုင်တော့၏။

" အဲ့ဒါ 'စ'စရာမဟုတ်ဘူးနော် "

" Singtoကကော အဲ့ဒါကို ယုံစရာလား "

" ယုံတာ မယုံတာထက် ရုတ်တရက်ကြားလိုက်ရတာကိုး "

ပြောပြောဆိုဆို စွေစောင်းကြည့်လိုက်တော့ မေးငေါ့ပြလာသူလေးက သူနိုင်သွားပြီ ဆိုသည့်အထာနှင့် ခေါင်းလေးကို လှုပ်လီလှုပ်လဲ့ လုပ်ပြနေသေးသဖြင့် ဆံပင်ဖောင်းဖောင်းလေးကို လှမ်းဆွဲဖွာလိုက်မိသည်။

" ဟေး မလုပ်နဲ့ ကေပျက်သွားလိမ့်မယ် "

" ပျက်ပျက်ကွာ လူကို 'စ'ချင်ဦး... 'စ'ချင်ဦး.. "

ရှောင်လိုက် တိမ်းလိုက်နှင့် ပြောင်ပြနေသည့် ကောင်လေး၏ ဆံပင်တွေကို လိုက်ဆွဲဖွာရင်း မိုက်ခနဲဖြစ်ကာ မျက်လုံးကို ပြန်ဖွင့်လိုက်တော့ မီးရောင်ဖျော့ဖျော့လေး ရောင်ပြန်ဟပ်နေသည့် မျက်နှာကျက်ကိုသာ မြင်ရတော့၏။

' ဟက် နောက်ဆုံးတော့... အိပ်မက်ပဲ '

ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တို့က မယုံကြည်နိုင်စရာကောင်းလွန်း၍ မှေးခနဲ အိပ်ပျော်သွားသည့်အခိုက် ပြောင်းလဲပစ်ချင်သည့် အဖြစ်အပျက်တွေကို အိပ်မက်မက်ခဲ့ပုံပင်။

ၾကင္သူနတ္ဆိုးေလး {ကြင်သူနတ်ဆိုးလေး}Where stories live. Discover now