သခင်လေးရဲ့ကချေသည်
အပိုင်း ၁၂
နှင်းပွင့်ဖြူ မိုးထက်သာထိုင်ခဲ့တဲ့နေရာမှာပဲ ထိုင်လိုက်သည်
" ဘယ်လိုဖြစ်တာလဲ ကိုကိုမျက်နှာချောင်ကျသွားလိုက်တာ ''
နှင်းပွင့်ဖြူသခင်လေးရဲ့မျက်နှာကိုကိုင်ပြီးမျက်ရည်ဝဲနေသည် ကျွန်တော်နဲ့ သူရိန်လည်းအလိုက်သိစွာအခန်းထဲကထွက်ပေးလိုက်သည်
"အရူးမလေးဘာလို့မျက်ရည်ဝဲနေတာလဲအစ်ကိုက ဘာမှမဖြစ်ပါဘူး''
"မလိမ်ပါနဲ့ ကိုကိုမျက်နှာကြည့်တာနဲ့သိပါတယ်
နှင်း ကိုကို့ကိုအရမ်းချစ်တယ် နှင်းပိုင်ဆိုင်သမျှ ကိုကိုလက်ထဲအကုန်ထည့်ပေးမယ် နှင်းတို့လက်ထပ်ရအောင်နော် လက်ထပ်လိုက်ရင်
ဒီစံအိမ်မှာ ညီအစ်ကိုချင်းပြသာနာတက်စရာအကြောင်းမရှီတော့ဘူး''သူအခြေအနေကို အကုန်သိနေပြီးဖြစ်တဲ့ နှင်းပွင့်ဖြူကို သူဘာပြန်ပြောရမလဲ
"အကုန်သိပြီးပြီပေါ့ ''
"ကိုကို့ကိုချစ်လို့ ကိုကိုအကြောင်းတွေ အကုန်သိထားပါတယ် ကိုကို့ကို နည်းနည်းလေးတောင်စိတ်မဆင်းရဲစေချင်ဘူး ဒီလို့နေမကောင်းတာလည်းမဖြစ်စေချင်ဘူး''
ဖြူစင်ရိုးသားတဲ့ကောင်မလေးပဲ မင်းရဲ့အချစ်က ကိုယ့်တစ်ယောက်တည်းအတွက်ဆိုပေမဲ့ ကိုယ့်စိတ်ယိုင်နေပြီ ဟုတ်တယ် မင်းလို့မိန်းမကောင်းလေးရထားပြီပဲ ကိုယ့်စိတ်မယိုင်သင့်ဘူး
"ကိုယ်နေကောင်းတာနဲ့မင်းနဲ့စေ့စပ်မယ် ''
"တကယ်လား တကယ်လား ကိုကို အဟင့်. .
.ဟင့် ''" တကယ်ပါကောင်မလေး မငိုနဲ့တော့ တိတ်တော့နော်''
နှင်းပွင့်မျက်ရည်ကိုသုတ်ပေးပြီး သူဆိုလိုက်သည်
" ကိုကို အခုဘာလုပ်ပေးရမလဲဟင်
နှိပ်ပေးရမလား "" နှင်းရှီနေရင်ရပြီးဆိုပေမဲ့ နှင်းရဲ့အလှကို ကိုယ့်
ကြည့်ရင်း ကိုယ့်နားလို့ရမှာမဟုတ်ဘူး ပြန်တော့နော် ကိုယ့်နေကောင်းတာနဲ့ဖုန်းဆက်လိုက်မယ်''
YOU ARE READING
သခင်လေးရဲ့ကချေသည် Myanmar Version(Completed)
Romanceနေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်တော့်ဘဝမှာဖြစ်ချင်တာတစ်ခုပဲရှီတယ် ဆင်းရဲ့တဲ့ကျွန်တော့်က ဖြစ်ချင်တာဆို မင်းချမ်းသာချင်တာ မဟုတ်လားလို့ အများက ကျွန်တော့်ကိုမေးမယ် တကယ်တော့ ကျွ...