သခင်လေးရဲ့ကချေသည်
အပိုင်း ၃၂
ကျွန်တော်ကို ဝတ်အစားဝတ်ပေးနေတော့ သူရိန်ကို Sunnyလေးကခြေသလုံးဖတ်ပြီး
" သားကို ဘယ်တော့မှ ပြင်ပေးမှာလဲ Daddy နဲ့ Mommy ကျတော့ ပြင်ပြီးတော့မယ် "
ကျွန်တော် Sunny ကိုကောက်ချီလိုက်တော့
" မချီပါနဲ့ သခင်လေး သွားရတော့မှာကိုး မောင်လှလာစမ်း Sunny လေးကို လာထိန်းထား "
"Daddy အခုသွားရမဲ့နေရာက ဝတ်ကောင်းစားလှ တွေတာ ဝတ်ထားတာပျော်စရာကောင်းတဲ့နေရာမဟုတ်ဘူး သားလေး "
Sunny နဖူးကို သူလက်နဲ့ထောက်ပြီး စဉ်းစားနေရင်စ ရုတ်တရက် ငိုချလာသည်
"အဟင့်..ဟင့်မသွားပါနဲ့ Daddy လူဆိုးရှီတယ် ဟိုတစ်ခါလည်း ဝတ်ကောင်းစားလှဝတ်ပြီး သွားတာ လူဆိုးနဲ့ တွေ့တယ် "
သားလေးကို မိုးထက်သာက အရမ်းတိတ်လန့်အောင် လုပ်လိုက်တာပဲ
" မဟုတ်ဘူး Sunny အဲ့ဒီဦးက လူဆိုးမဟုတ်ဘူး "
"လူဆိုးလို့မခေါ်ရဘူး နောက်မခေါ်နဲ့နော် "
"ခေါ်မှာပဲ လူဆိုးကြီးပဲကို "
" Sunny Daddy စိတ်မဆိုးချင်ဘူး မခေါ်နဲ့ လူဆိုးလို့ "
"အဟင့် ...ဟင့် "
"အစ်ကို သားငယ်က ဘာမှမသိဘူးလေ "
သားငယ်ကို မောင်လှလက်ထဲ ထည့်ထားခဲ့ပြီး ငိုသံကို ဂရုမစိုက်တော့ပဲ နှင်းပွင့်ဖြူလက်ကိုဆွဲပြီး ထွက်လာလိုက်သည် ကျန်းမာရေးကြောင့်လား ဘာလားမသိပေမဲ့ ကျွန်တော် သားငယ်ကိုပါ စိတ်မရှည်ဖြစ်နေပါ့လား
🏤🏤
သခင်လေးရောက်လာပြီ မိုးထက် "
"ကပွဲစလိုက်တော့ "
"အင်း "
မိုးထက်သာပါတီပွဲမှာကပွဲပါစီစဉ်ထားသည် သခင်လေးအတွက် မျက်လှည့်တစ်ခုပဲဖြစ်သည်
"သခင်လေးက သူ့ဇနီးနဲ့လာတာ မိုးထက် "
"အင်း ငါသိတယ် "
နေမခပါတီရောက်တော့ သူရိန်ကိုလိုက်မလာခိုင်းတော့ပဲ ဖြူလက်ကိုဆွဲပြီး New Life စံအိမ်တော်ကြီးကို ဝင်လာလိုက်သည် ပါတီမှာရှီတဲ့သူတွေက ကျွန်တော်တို့ စုံတွဲကိုထူးဆန်းစွာကြည့်နေကျသည် ပါတီတွေ ငြင်းခဲ့တာ လေးနှစ်မကရှီသွားပြီးလေ ဧည့်ခံ တဲ့ကောင်လေးက ဝိုင်လာပေးလို့ ကျွန်တော် ယူလိုက်တော့ ကျွန်တော်လက်ထဲက ချက်ခြင်းဆွဲယူလိုက်တော့ ဟိန်းစည်သူ
YOU ARE READING
သခင်လေးရဲ့ကချေသည် Myanmar Version(Completed)
عاطفيةနေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်တော့်ဘဝမှာဖြစ်ချင်တာတစ်ခုပဲရှီတယ် ဆင်းရဲ့တဲ့ကျွန်တော့်က ဖြစ်ချင်တာဆို မင်းချမ်းသာချင်တာ မဟုတ်လားလို့ အများက ကျွန်တော့်ကိုမေးမယ် တကယ်တော့ ကျွ...