သခင်လေးရဲ့ကချေသည်
အပိုင်း ၃ Unicode
မနက်စောစောမျက်စီဖွင့်လိုက်တော့
ကျွန်တော်ကိုကြည့်နေသောအဖိုး
"နိုးပြီလား မြေးငယ် ''
"အဘိုး သားအခန်းကိုအစောကြီးရောက်လာတယ်''
"မြေးငယ်လေးပါတီပွဲသွားပြီး ဘာတွေဖြစ်လာလဲ
အဘိုးသိချင်လို့ပေါ့ ဘယ်လိုလဲအဆင်ပြေလား ''
" ပြေပါတယ် ဘိုးဘိုး''
"သူမြေးမနဲ့ရော အဆင်ပြေလား မြေးဘယ်လို့သဘောရလဲ ထပ်တွေ့ချင်ရဲ့လား ''
"ဟုတ်အဘိုး ''
"တကယ်လားမြေးငယ် ''
".တကယ်ပါအဘိုး ထပ်ဆုံချင်ပါသေးတယ် ''
"အဲ့ဒါဆို အဘိုးသူတို့ကို ညစာစားဖို့ဖိတ်အုန်းမယ်''
"ဟုတ်ကဲ့ အဘိုး အခုတော့ မြေးအိပ်ချင်နေသေးတယ် ''
"အဘိုးနဲ့အတူမနက်စာမစားတော့ဘူးလား''
"စားချင်ပေမဲ့ အိပ်ချင်သေးတယ် ''
"သဘောပေါက်ပါပြီ အဘိုးမြေးငယ်လေးရယ် အိပ် အိပ်''
နေမခ အဘိုးခွင့်ပြုချက်ရတာနဲ့ကုတင်ပေါ်လှဲပြီး
မျက်စီမှိတ်လိုက်သည် အဘိုးကသူနဖူးကိုနမ်းပြီး
"အင်း ဒီနေ့ ဒီအဘိုးကြီးမနက်စာကတော့ စိုပြေခြင်းမရှီဘဲပျင်းခြောက်ခြောက်နဲ့စားရတော့မှာဘဲ
မြိုတောင်ကျပါ့မလားမသိဘူး''
နေမခပြုံးလိုက်သည် အဘိုးကိုသူမနိုင်ပေ
အဘိုးကိုစချင်တာကြောင့်သာစလိုက်ပေမဲ့ အဘိုးက မနက်စာစားတိုင်း ကျွန်တော့်ပါမှလူဆုံသည့်ဟု မှတ်သူဖြစ်သည်
"ကျွန်တော်ရေချိုးပြီးဆင်းလာပါမယ့် ဘိုးဘိုး''
"OK ငါမြေး ချိုး အဘိုးဒီမှာစောင့်နေမယ် ''
"အဲ့ဒါဆို ကျွန်တော်အင်္ကျီ ဝတ်ဖို့အဖိုးကဘဲထုတ်ပေးရမယ်နော် ''
ရေချိုးခန်းဝင်ရင်းပြောလိုက်သည်
"OK ငါမြေးငယ်လေး အဘိုးကခေတ်မှီပါတယ် မြေးအတွက် လိုက်ဖတ်မဲ့အကျီ ထုတ်ပေးမယ် ''
YOU ARE READING
သခင်လေးရဲ့ကချေသည် Myanmar Version(Completed)
Romanceနေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်တော့်ဘဝမှာဖြစ်ချင်တာတစ်ခုပဲရှီတယ် ဆင်းရဲ့တဲ့ကျွန်တော့်က ဖြစ်ချင်တာဆို မင်းချမ်းသာချင်တာ မဟုတ်လားလို့ အများက ကျွန်တော့်ကိုမေးမယ် တကယ်တော့ ကျွ...
