EP4

5K 155 1
                                        

သခင်လေးရဲ့ကချေသည် 

အပိုင်း ၄

မနက်စောစော သူအခန်းထဲမှာ  ဇွဲထက်နိုင်ကိုတွေ့လိုက်ရတာကြောင့် သူလန့်သွားသည်

"နိုးပြီးလား ''

"အစ်ကို ပြန်ရောက်လာပြီလား ဘယ်လိုလုပ် ကျွန်တော်အခန်းထဲရောက်နေတာလဲ ''

"မင်းကို တွေ့ချင်လို့လာတွေ့တာ မင်းကအရင်အတိုင်း မပြောင်းလဲသေးဘူး အိပ်ပုတ်ကြီးတုန်းဘဲ ''

"အဖိုးကို သွားနှုတ်ဆက်ပြီးပြီလား''

" မနက်စာစားရင်တွေ့ရမှာဘဲ နေမခ သေချာကြည့်တော့ မင်းပြောင်းလဲလာတာရှီတာပဲ  မင်းကအရမ်းကိုအသားဖြူပြီး ချောလာတာဘဲ မိန်းကလေးကျနေတာပဲ ''

သူကို့အားနွဲ့သူလို့ဆက်ဆံတဲ့ ဇွဲထက်ကြောင့် နေမခ စိတ်မကြည်လင်စွာ

"ကျွန်တော်ရေချိုးမလို့အပြင်ထွက်ပေးပါ ''

"ချိုးလေ ငါတို့က ညီအစ်ကိုဘဲ မဟုတ်မှလွဲရော မင်းငါ့ကိုရှက်နေတာလား ယောက်ကျားချင်းကိုကွာ ''

"သခင်လေးဇွဲထက် သခင်လေးအမေက သခင်လေးကိုလိုက်ရှာနေပါတယ် ''

သူရိန် ဝင်ပြီးပြောလိုက်သည်

"နောက်မှတွေ့မယ် နေနေ အခုဆိုအမြဲတမ်း မင်းမျက်နှာကိုမြင်နိုင်ပြီ  ''

ဇွဲထက်နိုင် ပြောပြီးအခန်းထဲက ထွက်သွားသည်

"အဆင်ပြေရဲ့လား သခင်လေး သူဒီအခန်းထဲရောက်နေမှန်း ကျွန်တော်သိပေမဲ့ တားပိုင်ခွင့်မရှီတဲ့ ကျွန်တော်ကို ခွင့်လွှတ်ပါ သခင်လေး စိတ်အနှောက်အယှက်ဖြစ်ရပြီ ''

"အခုလိုဝင်ပြောပြီး ပထုတ်ပေးတာနဲ့တင်ကျေးဇူးတင်ပါတယ် သူရိန် ''

"သခင်လေးရေချိုးတော့လေ ကျွန်တော်အဝတ်အစားအဆင့်သင့်ထုတ်ပေးမယ် ''

"အင်း ''

သခင်လေးရေချိုးခန်းထဲဝင်သွားပြီး မိုးထက်သာ ရောက်လာသည်

"သခင်လေးရေချိုးနေတာလား သူရိန် ဒီနေ့ဟိုတယ်တွေလိုက်ကြည့်ရမှာ ''

"အင်း မိုးထက် ''

"မျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲ ''

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now