သခင်လေးရဲ့ကချေသည်
အပိုင်း ၃၉
"သခင်လေး သတိရလာပြီလား "
သခင်လေးမျက်စီပွင့်လာတော့ မိုးထက်မေးလိုက်ပေမဲ့ သခင်လေး မျက်စီပြန်မှိတ်သွားသည်
"သခင်လေး..သခင်လေးတစ်ခုခုစားပါ့လား ဘာစားချင်လဲ "
" မင်းဘယ်လိုချမ်းသာလာတာလဲ "
" ကျွန်တော့်အဖိုးက ရှေ့နေဆီအမွေအပ်ခဲ့လို့ပါ "
" မင်းကံကောင်းခဲ့တာပဲ ဘာလို့ငါ့ကိုလာမရှာခဲ့တာလဲ "
" ကျွန်တော့်သခင်လေးကို စောင့်နေခဲ့ပါတယ် "
"လူလိမ်! "
" မလိမ်ပါဘူး သခင်လေး "
" ထွက်သွား!..ထွက်သွား "
သခင်လေး စိတ်လှုပ်ရှားစွာအော်နေတာကြောင့်
"ထွက်သွားပါမယ်သခင်လေး ကျွန်တော့်ကြောင့် ထပ်ပြီးစိတ်မလှုပ်ရှားပါနဲ့ "
မိုးထက်သာအခန်းထဲကထွက်လာခဲ့လိုက်သည်
" Sunny! "
နေမခသားလေးကိုလွမ်းရင်း
အတိတ်ကိုပြန်စဉ်းနေမိသည်နောက်ကြောင်းပြန်ခြင်း
နေမခ မိုးထက်သာဆီကအလုခံရပြီးမေ့သွားသည် သတိရလာတော့ ကားပေါ်မှာပဲ အဲ့ဒါဆို မိုးထက်နဲ့ဝေးပြီပေါ့ ဟင့်အင်း အဲ့လိုမဖြစ်ရဘူး မိုးထက်ကိုမထားခဲ့နိုင်ဘူး
"အဖေ ကျွန်တော့်ကို ပြန်ပို့ပေးပါ "
"သားငယ် သတိရလာပြီ အဖေက ကျိုင်းတုံဆေးရုံကိုဝင်မလို့ "
" ကားပြန်လှည့်ပါ ကျွန်တော့်ကို ပြန်ပို့ပေးပါ အဖေအဲ့လိုခေါ်လာလို့မရဘူးလေ
ကျွန်တော့်နဲ့ မိုးထက် အတူနေလာတာ
ကြာပြီ ကျွန်တော့်တို့လက်ထပ်ထားပြီးပြီ "" သားက မြင့်မြတ်တဲ့သခင်လေးပါ လူတွေအားလုံးရဲ့အမြင်မှာ Gay အခြောက်အဖြစ် နှိမ့်ကျပြောဆိုတာကို လက်ခံမလို့လား "
" သားပျော်တယ် အရမ်းပျော်တယ် သားရမိုင်းဖြတ်မှာပျော်တယ် ဘာသခင်လေးမှမဖြစ်စေချင်ဘူး ကားပြန်လှည့်ပါ
ကားပြန်လှည့်ပါ "
YOU ARE READING
သခင်လေးရဲ့ကချေသည် Myanmar Version(Completed)
Romanceနေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်တော့်ဘဝမှာဖြစ်ချင်တာတစ်ခုပဲရှီတယ် ဆင်းရဲ့တဲ့ကျွန်တော့်က ဖြစ်ချင်တာဆို မင်းချမ်းသာချင်တာ မဟုတ်လားလို့ အများက ကျွန်တော့်ကိုမေးမယ် တကယ်တော့ ကျွ...