သခင်းလေးရဲ့ကချေသည်
အပိုင်း ၃၆
နေမခကားတံခါးဖွင့်လိုက်တာနဲ့ ကားပေါ်မှာရောက်နေတဲ့ သားလေးကို တွေ့ရသည်
" Sunny! "
"သားသားလိုက်မှာ "
"သားအိပ်ရေးမဝသေးဘူးထင်တယ် ဖြူရေ..ဖြူ "
နေမခခေါ်သံကြောင့် ဖြူထွက်လာသည်
"ဘာဖြစ်လို့လဲကိုကို "
"သားကိုပြန်သိပ်လိုက်ပါအုန်း "
"သားသားအိပ်ဖူး..Daddyနောက်လိုက်ချင်လို့အစောထတာ "
ဖြူသားလေးကိုပွေ့တော့ သားလေးအတင်းရုန်းသည်
"အဟင့်..ဟင့်..Daddyနဲ့လိုက်မှာ "
ဖြူသားလေးကို ရအောင်ပွေ့ခေါ်ပြီး အိမ်ထဲချီသွားပေးမဲ့ သားလေးငိုသံကိုကြားပြီး နေမခစိတ်မကောင်း
ဖြစ်ရသည်
"သားလေး "
"Daddy! "
ဖြူဆီကနေသားလေးကိုပွေ့ပြီး ကားပေါ်ပြန်တင်လိုက်တာနဲ့ သားလေးအငိုချက်ခြင်း တိတ်သွားသည်
"ကိုကိုဖြစ်ပါ့မလား "
"ဖြူဘာစိုးရိမ်နေလဲ ကိုကိုသိပါတယ် "
"ဖြူအရမ်းစိတ်ပူတယ်ကိုကို "
"စိတ်မပူပါနဲ့ ကိုကိုသွားတော့မယ် "
နေမခသားလေးကိုခေါ်ပြီး ထွက်လာခဲ့လိုက်သည်
🏫🏫🏫
" ဒီကလေးက "
သခင်လေးသူ့ကိုကားတံခါးဖွင့်ပေးရင်း သခင်လေးဘေးမှာရပ်နေတဲ့ ကလေးကိုမြင်ပြီး မေးလိုက်သည်
" ငါ့သားပါ "
"ခင်ဗျားသားမှန်းကျွန်တော့်သိပါတယ် ဘာလို့အလုပ်ကို ခေါ်လာတာလဲ "
"အရမ်းကျီကျနေလို့ပါ "
"ကျီကျရင် သူ့အမေထိန်းလိမ့်မယ်လေ ခင်ဗျားခေါ်လာစရာလိုလို့လား "
"သားလေးအရမ်းငိုနေလို့ငါခေါ်လာတာ အရမ်းငိုနေတဲ့သားလေးကို ငါမထားခဲ့ရက်နိုင်ဘူး မင်းအဖေမဖြစ်ဖူးတော့ အဖေတစ်ယောက်ရဲ့ရင်ထဲဘာဖြစ်လဲ မင်းမသိပါဘူး "
YOU ARE READING
သခင်လေးရဲ့ကချေသည် Myanmar Version(Completed)
Romanceနေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်တော့်ဘဝမှာဖြစ်ချင်တာတစ်ခုပဲရှီတယ် ဆင်းရဲ့တဲ့ကျွန်တော့်က ဖြစ်ချင်တာဆို မင်းချမ်းသာချင်တာ မဟုတ်လားလို့ အများက ကျွန်တော့်ကိုမေးမယ် တကယ်တော့ ကျွ...
