သခင်လေးရဲ့ကချေသည်
အပိုင်း ၃၇
" ခင်ဗျားဖြစ်ရဲ့လား "
တစ်နေကုန်မျက်နှာဖြူဖတ်ဖြူရော်ဖြစ်နေတဲ့
နေမခကို မိုးထက်သာ မေးလိုက်သည်
"ဖြစ်တယ် မင်းရေးချိုးဖို့ရေစပ်ပြီး..."
ကျွန်တော် မိုးထက်သာရှေ့မှာမလဲကျချင်ပေမဲ့ ဒါအမြင်အာရုံဝေဝါးလာပြီး အရာအားလုံးမှောက်မိုက်သွားသည်
" သခင်လေး! "
မိုးထက်သာချက်ခြင်း ဆရာဝန်ကိုခေါ်လိုက်သည်
"သခင်လေး ဒါနဲ့ဆိုမေ့လဲတာ နှစ်ခါတောင် ရှီသွားပြီ "
ကျော်စွာ စိုးရိမ်စွာပြောလိုက်သည်
ဆရာဝန်ရောက်လာတာနဲ့ သခင်လေးအခြေအနေကို သိထားတဲ့အတိုင်းပဲ သခင်လေးကိုစမ်းသပ်ပြီး ဆေးသွင်းလိုက်သည် ဆေးသွင်းတဲ့အပြင်
ထိုးဆေးနှစ်လုံးပါ ပါသည်
" ဘာဖြစ်တာလဲ ဒေါက်တာ "
"ဒီသခင်လေးက ကျွန်တော်တို့ဆေးရုံမှာ တစ်လကြာအောင်ဆေးရုံတက်ခဲ့ဖူးပါတယ် အမြင်အာရုံဝေဝါးလာတဲ့အပြင် စကားကို ကောင်းစွာမပြောနိုင်တာလည်း ကြာပါပြီ အတိတ်ကိုလည်းကောင်းစွာမမှတ်မိပါဘူး ဒီထက်ပိုပြီး တိကျတဲ့အကြောင်းအရာကိုတော့ သခင်လေးနေမခကို ကုပေးတဲ့ ကျွန်တော် သူငယ်ချင်းက
ပိုသိမှာပါ "
" ဗျာ! "
ဆရာဝန်သခင်လေးကုပြီး ပြန်သွားသည် ဦးလေးအောင် ဝင်လာပြီး
"သခင်လေးအိမ်ကို အကြောင်းကြားပြီလား "
" ဒီမှာပဲခေါ်ထားမယ် "
" သခင်လေးက သားနဲ့ဇနီးနဲ့ပါ မိုးထက် "
"ကျွန်တော့်ကို အဲ့ဒါတွေလာမပြောနဲ့ "
"တူလေးရဲ့စိတ်တွေ မပြောင်းလဲသေးဘူးလား ဒီငါးနှစ်အတွင်းတောင် သခင်လေးကို မင်းမုန်းတယ်လို့ ကြွေးကြော်နေတာ ဒီခဏလေးတွေ့ရတာနဲ့ အရေပျော်ကျသွားပြီလား တူလေး..မင်းဘာတွေလျှောက်လုပ်နေတာလဲ ငါတို့အစီစဉ်ထဲမှာ အဲ့ဒါမပါဘူးလေ "
" သခင်လေးက အဲ့အိမ်ရဲ့ အဓီကအသည်းကျော်လေ သခင်လေး ကျွန်တော်လက်ထဲရောက်မှတော့ သခင်ကြီးကို ကလဲ့စားချေ တာနဲ့အတူတူပဲ ပြီးတော့ သခင်လေးက ကျွန်တောကိုတစ်မျိုးထင်နေတယ်လို့
ခံစားရတယ် "
YOU ARE READING
သခင်လေးရဲ့ကချေသည် Myanmar Version(Completed)
Любовные романыနေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်တော့်ဘဝမှာဖြစ်ချင်တာတစ်ခုပဲရှီတယ် ဆင်းရဲ့တဲ့ကျွန်တော့်က ဖြစ်ချင်တာဆို မင်းချမ်းသာချင်တာ မဟုတ်လားလို့ အများက ကျွန်တော့်ကိုမေးမယ် တကယ်တော့ ကျွ...
