သခင်လေးရဲ့ကချေသည်
အပိုင်း ၃၅
အခုဆိုသခင်လေး ကျွန်တော့်ဆီမှာ အလုပ်လုပ်နေတာ တစ်ပတ်ကျော်နေပြီ သခင်လေးက ကျွန်တော့်ကို စကားတစ်ခွန်းမှ မပြောပဲ ကျွန်တော့်ခိုင်းတာကိုပဲ လုပ်ပေးသည် ခက်တာက သခင်လေးက ကျွန်တော့်တို့ ထမင်းကျွေးတိုင်း ထမင်းပဲစားပြီး ဟင်းကိုလုံးဝမစားဘူး
အဲ့ဒါဘာလို့ပါလိမ့္" ငါပြန်တော့မယ် "
မိုးထက်သာရေချိုးဖို့ ရေစပ်ပေးပြီး နေမခပြန်ဖို့ ပြောလိုက်သည်
"ကျွန်တော့်နဲ့ထမင်းစားပြီးမှပြန်ပါ "
"ငါကမင်းနဲ့ဘာလို့ထမင်းအတူစားရမှာလဲ နေ့လယ်စာတောင် မင်းနဲ့စားချင်တာမဟုတ်ဘူး မဖြစ်နိုင်လို့သာ "
"ငါ..ငါနဲ့ ခင်ဗျားက အလုပ်ရှင်ပေါ်အရမ်းရိုင်းတာပဲ "
နေမခစကားဆက်မပြောချင်တာနဲ့ လှည့်ထွက်လိုက်တာနဲ့ သူ့လက်ကိုလှမ်းဆွဲလိုက်တဲ့ မိုးထက်သာ
"ညစာစားပြီးမှပြန် "
နေမခအတင်းရုန်းကာ မိုးထက်သာကို ထိုးလိုက်သည်
" လွန်မလာနဲ့ မိုးထက် "
"လွန်တယ် ကျွန်တော့်ကလား ခင်ဗျားလောက်တော့ မလွန်ပါဘူး "
"ငါပြန်တော့မယ် "
နေမခ ခြေနှစ်လမ်းတောင်မလှမ်းခင် ယိုင်လဲသွားသည်
"ခင်ဗျား ဘာဖြစ်တာလဲ "
မိုးထက်သာ လှမ်းထိန်းရင်း မေးလိုက်သည် နေမခမိုးထက်သာ လက်ပေါ်မှာပဲ မေ့လဲသွားသည်
"သခင်လေး!! "
🏤🏤
"ဆရာဝန်မခေါ်လို့ရောရပါ့မလား "
" အင်း "
မိုးထက်သာ အိပ်ပျော်နေတဲ့ သခင်လေးကို ကြည့်ပြီး ကျော်စွာအမေးကို ပြန်ဖြေလိုက်သည်
"သခင်လေးကမင်းအရမ်းချစ်ခဲ့တဲ့သူပါ အငြိုးတွေကို သခင်လေးအပေါ်ပုံမချပါနဲ့ "
"ငါ့ကိုသစ္စာဖောက်ခဲ့တဲ့သူလည်းဟုတ်တယ် ကျော်စွာ ငါသခင်လေးကိုမုန်းတယ် "
![](https://img.wattpad.com/cover/252163755-288-k590280.jpg)
YOU ARE READING
သခင်လေးရဲ့ကချေသည် Myanmar Version(Completed)
Любовные романыနေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်တော့်ဘဝမှာဖြစ်ချင်တာတစ်ခုပဲရှီတယ် ဆင်းရဲ့တဲ့ကျွန်တော့်က ဖြစ်ချင်တာဆို မင်းချမ်းသာချင်တာ မဟုတ်လားလို့ အများက ကျွန်တော့်ကိုမေးမယ် တကယ်တော့ ကျွ...