EP28

2K 76 0
                                    

သခင်လေးရဲ့ကချေသည်

အပိုင်း ၂၈

နေမခကိုဆေးကုတဲ့ ဆရာဝန်အခန်းထဲက ထွက်လာတော့ ဦးချမ်းသာ မြေးလေးအခြေအနေကို မေးလိုက်သည်

"မြေးလေး အခြေအနေ ဘယ်လိုနေလဲ ဆရာဝန်လေးတိုးတက်မှုရှီရဲ့လား ''

" အခြေအနေကတိုးတက်မှုမရှီသေးပါဘူး အဖိုး ''

" မျှော်လင့်ချက်နဲ့ မေးတာမေးနေရတာ မြေးလေးကြုံတွေ့ရတဲ့ ဒုက္ခတွေက တစ်ခုနှစ်ခုမှ မဟုတ်တာ ဘယ်လွယ်လွယ်နဲ့ အကောင်းပတိ ပြန်ဖြစ်နိုင်မှာလဲ ''

" ဆေးတော့ပုံမှန်တိုက်ပေးပါအဖိုး စာရင်းတွေလည်း မကြည့်ခိုင်းပါနဲ့ မျက်လုံးဝေဝါးမှုနှုန်းက မြန်လာသလိုပဲ  ''

"  ဟုတ်ကဲ့  ''

မြေးလေးအခန်းတံခါးကို ဖွင့်ကြည့်တော့ Sunny လေး သူအဖေကို နှိပ်ပေးနေသည် အရွယ်နဲ့မမျှအောင် အဖေကို အလွန်ပြုစုတဲ့ မြစ်ငယ်လေးကို သူသနားမိသည်"

" Mommy ''

"   ရှင့်  Baby လေး  ''

" Daddy နိုးလာရင်စားဖို့  သွားလုပ်လေ ''

"  ဟုတ်ကဲ့ပါရှင့် ''

နှင်းပွင့်ဖြူရယ်ရင်း  သားလေးကိုး မွှေးမွှေးပေးလိုက်သည် 

⛪⛪⛪

"သခင်လေး ကျွန်တော့်တို့ ကုမ္ပဏီရဲ့ရှယ်ယာတွေက အပြင်လူတွေဆီမှာပဲ များနေတယ် ဘယ်လိုလုပ်လိုက်ရမလဲ New Lifeကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး သူ့အကူအညီယူရင်ရော "

"New Lifeကုမ္ပဏီရဲ့ သူဌေးကျော်စွာ အဲ့နာမည်ကို ငါ့ရင်းနှီးနေသလိုလဲ ..ဖုန်းဆက်ပြီး အကြောင်းကြားလိုက် "

"ဟုတ်ကဲ့ သခင်လေး "

နေလင်း စဉ်းစားရကျပ်သွားသည် ဒီနှစ်တောအတွင်း အဲ့ကုမ္ပဏီက ထိပ်တန်းကုမ္ပဏီနာမည်စာရင်းဝင်ဖြစ်နေသည် "

" သခင်လေး "

"ဘာတဲ့လဲ "

" အငယ်ဆုံးသခင်လေးနဲ့ စာချုပ်ချုပ်ချင်တယ်လိုပြောပါတယ် "

"ဘာ! "

" အငယ်ဆုံးသခင်လေး နဲ့စာချုပ် ချုပ်ဆိုချင်တာတဲ့ အငယ်ဆုံးဆိုတော့ သခင်လေးနေမခနဲ့တွေ့ဆုံပြီး စာချုပ် ချုပ်ချင်တာထင်တယ် အဲ့လိုမှ သဘောမတူရင် သူတို့ ဘက်က ချုပ်ဆိုမှုပယ်ဖြတ်မယ်တဲ့ "

သခင်လေးရဲ့ကချေသည် Myanmar Version(Completed)Where stories live. Discover now