သခင်လေးရဲ့ကချေသည်
အပိုင်း ၁၉
ကားပေါ်မှာ သခင်လေးအရမ်းပင်ပန်းတယ်ထင်တယ် ကျွန်တော်ပုခုံးမှာပဲအိပ်နေသည် ကျွန်တော်ကလည်းကားကို နှစ်ဆင့်သုံးဆင့်စီးတော့ သခင်လေးအရမ်းပင်ပန်းတာ မဆန်းပါဘူးလေ ဒီလိုစီးမှလည်း ကျွန်တော်တို့နောက်ကို ဘယ်သူမှနောက်ယောင်ခံမလိုက်နိုင်မှာ
"သခင်လေးရောက်ပြီ ''
မိုးထက်သာက ရောက်ပြီဆိုလို့ ကားပေါ်ကဆင်းလိုက်တော့ လယ်ကွင်းပြင်ကြီး
"မင်းပြောတော့ရောက်ပြီဆို..ဒါဘယ်နေရာလဲ ''
"ရှမ်းပြည်ပါ သခင်လေး "
"တောင်ကြီးလား "
"တောင်ကြီးဆို ကျွန်တော်တို့တန်းမိသွားမှာပေါ့ ကလောမှာ သခင်လေးတို့ဟိုတယ်ရှီတယ်လေ "
"ဒါဆိုဒီနေရာက ကျိုင်းတုံကျော်လာပါပြီ မိုင်းဖြတ်မြို့ပါ အခုကဝမ်မိုင်ထဲမှာ တည်းရအောင် ''
မနေ့ကတညလုံးကားစီးခဲ့ရလို့ပင်ပန်းနေတဲ့အပြင် ဒီနေ့တစ်မနက်ခင်းလုံးလည်း ကားစီးလာတာ သခင်လေးတော်တော်ပင်ပန်းနေပါပြီ ဒါပေမဲ့ ဒီလောက်ပင်ပန်းတာကိုတောင် ကျွန်တော်နောက်လိုက်ရလို့ သခင်လေးတစ်စက်ကလေးမှ မညီးညူပေ
" ပင်ပန်းနေပြီလား သခင်လေး''
ဝမ်မိုင်မှာ ခြေတံရှည်အိမ်ငှားပြီး အိမ်ရောက်တာနဲ့ သခင်လေးတန်းလှဲလိုက်သည် တွေ့ကရာနေရာမလှဲတက်တဲ့ သခင်လေး အခုတော့ ညစ်ပတ်နေတဲ့နေရာမှာ တန်းလှဲသည်
"သခင်လေး အရမ်းပင်ပန်းနေပြီလား "
"လမ်းထိပ်မှာ အိမ်ကောင်းကောင်းလေး ငှားရင်ရရဲ့သားနဲ့ ဘာလို့ဒီနားမှာ ခြေတံရှည်အိမ်ငှားရတာလဲ "
" ကျွန်တော့်တို့ကို ဘယ်သူ့မှမတွေ့အောင်လို့ပါ သခင်လေးဒီမြို့ကသေးတယ်လေ ကျွန်တော့်တို့ကို ဘယ်သူမှ သတိမထားမိအောင်နေရမယ် ပြီးတော့ ဒီမှာဆောက်လုပ်ရေးစိုက်တွေရှီတယ် အလုပ်လည်းရအောင်လို့ပါ "
"အင်း..အေးတယ် "
" ခဏလေးစောင့်နော်သခင်လေး "

YOU ARE READING
သခင်လေးရဲ့ကချေသည် Myanmar Version(Completed)
Lãng mạnနေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်တော့်ဘဝမှာဖြစ်ချင်တာတစ်ခုပဲရှီတယ် ဆင်းရဲ့တဲ့ကျွန်တော့်က ဖြစ်ချင်တာဆို မင်းချမ်းသာချင်တာ မဟုတ်လားလို့ အများက ကျွန်တော့်ကိုမေးမယ် တကယ်တော့ ကျွ...