'ငါ့ကို ဘာလို့ အခုထိ မကြည်နိုင်ဖြစ်နေရတာလဲ
MinJeong? ဘာလို့လဲ..ငါ Minjeongရဲ့ အသိတွေကိုများ သတ်ခဲ့ဖူးလို့လား..'Minjeongမှာ Yu jimin စကားကြောင့် မျက်လုံးမျက်ဆန်ပြူးသွားရ၏။
'ဘုရားရေ!အဲ့လိုကြောက်စရာကောင်းတဲ့ စကားကို ဘယ်လိုပြောထွက်ရတာလဲ jimin ။
စကားကို အဲ့လို မပြောပါနဲ့''ဒါဆို ဘာလဲ ။ ငါ့ကို ဂန်းစတား မို့လို့
ကြောက်တာလား ''မ မဟုတ်ပါဘူး..ငါက အဲ့လို စကားမျိုးတွေကို
နားထောင်ရတာ မကြိုက်ဘူး'MinjeongကJiminကိုတကယ်
သဘောကျတာပါ။ ဒါပေမဲ့ ကြောက်မိတယ်။
ဖြစ်နိုင်ရင် jiminကို အဲ့လိုလူ မဖြစ်စေချင်တာက minjeongရဲ့ ဆုတောင်း။................
'Minjeong က လိပ်ပြာငယ်လေးနဲ့တူတယ်
နူးညံ့လွန်းပြီး ကျိုးကြေလွယ်တဲ့ လိပ်ပြာ လေးလိုပဲ။အဲ့ဒါကြောင့်
သူ့ကို အန္တရယ်တွေ အားလုံးဆီက ကာကွယ်ပေးချင်တာက တစ်ခုတည်းသော ငါလုပ်ပေးချင်တဲ့အရာပဲ'..............................
အဖြစ်အပျက်က ရယ်ချင်စရာ။
Minjeong နဲ့ Ningတို့ အသက်ပြည့်ခါစ Bar တစ်ခုကို ရောက်ဖြစ်ခဲ့တယ်။
သူတို့မသိလိုက်တာက အဲ့ဒီ barက Gangsta တွေ
ရဲ့ သီးသန့်bar ဖြစ်နေတာကိုပါ။
အရက်မသောက်ဖူးတဲ့ Minjeongက Ning တားနေတဲ့ကြားက နှစ်ခွက်လောက် မော့ဖြစ်သွားတယ်။'Minjeongဒီမှာပဲ ငြိမ်ငြိမ်ထိုင်နေနော်..
ငါ ခဏပဲသွားပြီးပြန်လာခဲ့မယ်'Minjeongက ခေါင်းငြိမ့်ပြပြီး စားပွဲပေါ် မေးထောက်ကာ မျက်လုံးတွေ ပိတ်ထားလိုက်တယ်။အရက်အရှိန်နဲ့ မီးရောင်စုံတွေက သူမကို ပိုပြီး မူးလာစေလို့ပါ။
မကြာခင်မှာပဲ မွှေးအီနေတဲ့ အနံ့က Minjeong အာရုံတွေကို ဖမ်းစားလိုက်တယိ။
သူမဘေးမှာ ဘယ်တုန်းက ရောက်နေမှန်းမသိတဲ့ အမျိုးသမီးက သောက်စရာ မှာနေတယ်။
ဘေးတိုက်အနေအထားအရ ထိုအမျိုးသမီးရဲ့
စင်းနေတဲ့နှာတံနဲ့ နှခမ်းဖူးဖူးက ..လှလိုက်တာ!
Minjeong နှုတ်က ပြောထွက်လိုက်ဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ထိုအမျိုးသမီးက Minjeong ဘက်ကိုကြည့်ပြီး နှခမ်းတွန့်ကွေးရုံပြုံးတယ်။
ပြီးတော့ Minjeong မျက်နှာနားကို
တိုးကပ်လာတယ်။
YOU ARE READING
Take On Me
Fanfiction'Oh? တကယ်လား..ဒါဆို တို့တွေ တွဲကြမလား.. မင်း ကလေးမဟုတ်တော့တဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့'. 'ငါတို့ တွဲကြမယ် ငါ ကလေးမဟုတ်တော့ဘူးဆိုတာ သက်သေပြရမယ်'