မိုးအတော်အတန် သည်းနေတဲ့ လမ်းမပေါ်မှာ
မောင်းလာတဲ့ ကားငယ်လေးက တရွေ့ရွေ့..
ကားထဲမှာပါလာတဲ့ မိသားစု သုံး
ယောက်ကတော့ စနောက်ရင်း သာ။နောက်ခန်းမှာထိုင်နေတဲ့ ၁၁နှစ်အရွယ် ကောင်မလေးက သူဆွဲထားတဲ့ မိသားစုပုံလေးကို
ဆေးခြယ်နေတယ်။'Minjeongie...မအိပ်သေးဘူးလား'
ရှေ့ခုံက မိခင်ဖြစ်သူက လှမ်းပြောတော့ Minjeong က သူ့ လက်ရာပန်းချီလေးကိုထောင်ပြတယ်။
' ဒါလေးပြီးရင် အိပ်မယ်နော် မား..
Minjeong အပြီး ခြယ်လိုက်ချင်လို့''ဝါး..ငါတို့ သမီးလေးက ကြီးလာရင် ပန်းချီဆရာမကြီးလုပ်မလို့လား..'
ဖခင်ဖြစ်သူရဲ့စကားကို Minjeong က သဘောကျစွာရယ်တယ်..ဒါပေမဲ့ ခေါင်းခါရင်း
'ပန်းချီဆရာမတော့ မဖြစ်ချင်ဘူး...
အဆိုတော်လုပ်ရင် ကောင်းမလားဟင် ပါပါး'သူမစကားကိုလဲ ဖခင်ဖြစ်သူက ရယ်တယ်။
'ငါ့သမီးသာ အဆိုတော်ဖြစ်ရင် ပါပါးက ရှေ့ဆုံးက
အားပေးမယ်ကွာ'Minjeong က သူ့ဖခင်နဲ့အတူလိုက်ရယ်ရင်း
ဆေးကိုသာ ဆက်ခြယ်ဖို့လုပ်တယ်။
သူမရဲ့ ပန်းချီကားလေးထဲက မိခင်နဲ့ ဖခင်ဖြစ်သူရဲ့
ပုံကို အရင် ဆေးခြယ်ရမယ်။'ဆိုတော့ ဖွား တို့ဆီမှာ ပျော်ခဲ့ရဲ့လား'
Minjeong က ခေါင်းတငြိမ့်ငြိမ့်နဲ့ပြန်ဖြေတယ်။
'အင်း ပျော်ခဲ့ပါတယ်
ဒါပေမဲ့..''ဒါပေမဲ့?'
'ပါပါး နဲ့ မာမား သာရှိရင် ပိုပျော်ဖို့ကောင်းမှာ'
Minjeongရဲ့ ဖေဖေက စုံထောက်တစ်ယောက်ဖြစ်သည့်အလျောက် အလုပ်များတယ်လေ။
အခု ခရီးကိုလဲ သူမတစ်ယောက်တည်းသာသွားခဲ့ပြီး
အပြန်ကို လာခေါ်ကြခြင်းဖြစ်တာမို့..'Awwn. ..နောက်တစ်ခါဆို အတူသွားကြတာပေါ့
ပါပါးတို့သုံးယောက်လုံး သွားမယ်ကွာ ဟုတ်ပြီလား'Minjeongက ပျော်သွားဟန်နဲ့
'တကယ်နော် ပါပါး!''တကယ်ပေါ့'
YOU ARE READING
Take On Me
Fanfiction'Oh? တကယ်လား..ဒါဆို တို့တွေ တွဲကြမလား.. မင်း ကလေးမဟုတ်တော့တဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့'. 'ငါတို့ တွဲကြမယ် ငါ ကလေးမဟုတ်တော့ဘူးဆိုတာ သက်သေပြရမယ်'