9

688 88 6
                                    

အရင်နေ့ကလိုပဲ Rina ရဲ့ ပေါင်ပေါ် ခေါင်းအုံးအိပ်ပြီး Rina က သူ့ဆံပင်တွေကို ခပ်ဖွဖွ ထိုးဖွနေတာကို ကျေနပ်စွာ Winter ခံယူနေတယ်။

'unnie'

'အင်း ပြောလေ'

Winterက မပြောခင် သူမ နှခမ်းကို အရင် ခပ်ဖွဖွ ကိုက်ခဲထားတော့ Rina  သူ့ဆီက စကားသံကို စိတ်ရှည်စွာ စောင့်ပေးတယ်။

'တကယ်လို့.. တကယ်လို့ ဒီလူဆိုးတွေက ပါပါးတို့ကို
ရည်ရွယ်ချက်ရှိရှိ ဖမ်းခဲ့တာဆိုရင်ရော?..
အသတ်..အသတ်ခံရနိုင်လား'

'အဲ့ဒါက...

Rina သူစိတ်သက်သာရအောင် ဘယ်လိုဖြေရမှန်း
တော်တော် အကြပ်ရိုက်ခဲ့တာပါ။
ဒါပေမဲ့ Rina အကောင်းဆုံး ထင်တဲ့ အဖြေကိုသာ ပြန်ပေးခဲ့ပါတယ်။

'အဲ့လောက်ထိ လုပ်လိမ့်မယ်လို့တော့ မထင်ဘူး..ဒါပေမဲ့..

Rina က ဆက်မပြောဘဲ ရပ်သွားတော့ Winterက သံယောင်လိုက်တယ်။

'ဒါပေမဲ့?'

'တစ်ခုခု ဆိုးဆိုးဝါးဝါးကြုံခဲ့ရင်တောင် Winter
အသက်ရှင်နေပေးမယ်လို့ unnie ကို ကတိပေးမလား'

'ကတိမပေးနိုင်ဘူး unnie'

Winter က သူ့ဆံပင်တွေကို အဖွမခံတော့ဘဲ ထထိုင်လိုက်တယ်။သူ့ကို ငေးကြည့်နေတဲ့ Rina ရဲ့မျက်ဝန်းလှလှလေးတွေကို Winter စိုက်ကြည့်ရင်း
ပြုံးပြလိုက်ကာ..
'ကတိမပေးနိုင်ပေမဲ့ ကြိုးစားပါ့မယ် '

......................................................

Minjeong မျက်လုံးတွေ ဖွင့်လိုက်တော့ ရောင်နီပင် မလင်းလာသေး။
မီးအိမ်ကြောင့် မြင်နေရတဲ့ သူ့ဘေးက Jimin ကတော့ အပူအပင်ကင်းစွာ အိပ်ပျော်နေဆဲ။

Yu Jimin ရဲ့ မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုစီတိုင်းက ရင်းနှီးခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်နဲ့ တူနေတာကြောင့် စတွေ့တည်းက Minjeong အံ့သြခဲ့ရသည်။ သူ မဖြစ်နိုင်ပေမဲ့ တခါတလေကျတော့
Rina unnie များ သူမရှေ့ရောက်လာသလားဟု
ထင်ရလောက်အောင် Minjeong ရင်းနှီးနေခဲ့တာ ဖြစ်သည်။

မျက်ခုံး၊မျက်လုံး ၊နှာတံစင်းစင်းတို့က မှင်သက်ဖွယ်
လှလွန်းသည်။ သူမလက်တွေ သူ့ နှခမ်းနားရောက်တော့ တစုံတရာကို အမှတ်ရစွာ ရပ်တန့်သွားတယ်။
မနေ့ညက ဒီနှခမ်းတွေကို သူမ မက်မက်မောမော
နမ်းရှိုက်နေခဲ့တာ..သူမကလေ!

Take On MeWhere stories live. Discover now