အဆက်မပြတ်အော်မြည်လာတဲ့ နှိုးစက်သံနဲ့အတူ
၁၄နှစ်အရွယ် Jiminလေးဟာ နိုးလာခဲ့တယ်။
ဒီနေ့ အတွက် ဖခင်ဖြစ်သူရဲ့ တရားမဝင်တဲ့လုပ်ငန်း
တွေအကြောင်း သင်ကြားရဦးမည်။
စိတ်လေးလံစွာဖြင့် သူ ကိုယ်လက်သန့်စင်ပြီး
မနက်စာစားဖို့ ထွက်လာခဲ့တယ်။'Jimin ah... ဒေါ်လေး မနက်စာ ပြင်ထားပြီးပြီ
စားပြီးမှသွားနော်'ဖခင်ဘက်က ဆွေမျိုးနီးစပ်တဲ့ အဒေါ်ဖြစ်သူကို
ကျေးဇူး တင်ကြောင်းပြောပြီး မနက်စာစားနေလိုက်တယ်။'အဖေ ဘာပြောသွားသေးလဲ ဒေါ်လေး'
အဒေါ်ဖြစ်သူကလဲ ဒီလောကအကြောင်းကိုသိနေသူမို့ သူ ပွင့်ပွင့်လင်းလင်းပင်မေးလိုက်သည်။
သူ့အမေးကို ဒေါ်လေးက ပြုံးရင်းပင်'မင်းအဖေကတော့ ပျော်နေပုံပဲ..
သူတို့ကို ထောက်လှမ်းနေတဲ့ စုံထောက်ကို ဖမ်းမိ
ထားတယ်လေ..jimin ကိုတောင်
သူ အာရုံထားမိချင်မှ
ထားမိမှာ..သူ အလုပ်ရှုပ်တော့မှာဆိုတော့လေ'ဒေါ်လေးစကားကို သူအလွယ်ပဲ နားလည်လိုက်ပါတယ်။ ဖခင်ဖြစ်သူက ဖမ်းမိထားတဲ့ စုံထောက်ကို
စစ်ဆေးမေးမြန်းတော့မယ် ဆိုတာကိုပေါ့..Jimin
ရင်လေးမိတာက ထိုစုံထောက်ဟာ အသက်ရှင်ရက်
ပြန်ထွက်သွားနိုင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးဆိုတာပါပဲ..'ဒါဆို Jimin သွားပြီနော်'
သူ့အတွက် သီးသန့်ရှိထားတဲ့ ဒရိုင်ဘာဦးလေးကြီးက
Jimin ကို ကားတံခါးဖွင့်ပေးလာတယ်။
'ကျေးဇူးပါ အာဂျူးရှီး'ညတုန်းက မိုးသည်းထားလို့
လမ်းတစ်လျှောက် မိုးရေတွေ စွတ်နေတဲ့
လမ်းမကြီးကတော့ Jimin အတွက် ရိုးအီနေတဲ့
မြင်ကွင်းတွေပါပဲ။သူမဖခင်ရဲ့ စက်ရုံအမည်ခံ ဒုစရိုက်လုပ်ငန်းနေရာက
မြို့စွန်မှာ တည်ဆောက်ထားတယ်။
အချို့ လူကြီးပိုင်းတွေကို လာဘ်ထိုးထားလို့ အေးဆေးနေပေမဲ့ အမှန်တရားဘက်တော်သားတွေအတွက်တော့ လက်မခံနိုင်စရာ ကိစ္စတွေပါပဲ။
YOU ARE READING
Take On Me
Fanfiction'Oh? တကယ်လား..ဒါဆို တို့တွေ တွဲကြမလား.. မင်း ကလေးမဟုတ်တော့တဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့'. 'ငါတို့ တွဲကြမယ် ငါ ကလေးမဟုတ်တော့ဘူးဆိုတာ သက်သေပြရမယ်'