ဒီနေ့က Jiminjeong day မလို့ update လိုက်ပါတယ် 🤗
......................................................................ငြိမ်သက်နေတဲ့ ရေပြင်ကိုကြည့်ရင်း တိုက်ခတ်လာတဲ့ လေပြေညှင်းကို ခံယူရင်း လက်ထဲက စီးကရက်ကို နှခမ်းနားတေ့ကာ သူ ဖွာလိုက်တယ်။
လည်သာ အင်္ကျီကို ဂျင်းအပြာနဲ့မှ ဒူးခေါင်းလောက်ရှည်တဲ့ ဘွတ်ဖိနပ်နဲ့ Jiminဟာ သိပ်ကိုကြည့်ကောင်းလွန်းနေတယ်။ သူမအနားက ဖြတ်သွားတဲ့သူတွေဟာ စီးကရက်နဲ့သူမကို လည်ပြန်ကြည့်သွားကြတယ်။သူမကတော့ ဂရုမစိုက်ပါဘူး..
လူတိုင်းက သူတို့ကိုယ်ပိုင်အတွေးနဲ့ ကိုယ့်ကမ္ဘာမှာကိုယ် နေထိုင်နေကြတာပဲလေ..အရင်တုန်းကဆို Jiminက တက်တက်ကြွကြွရှိပြီး ထက်မြက်တဲ့ ကလေးပါ..သူမ ကြုံခဲ့ရတဲ့အရာတွေက သူမကို ဒီလိုပုံစံဖြစ်အောင် ပုံသွင်းပေးလိုက်တာသာဖြစ်မည်။
ရုတ်တရတ် သူမဘေးမှာ ရပ်လာတဲ့သူကြောင့်.. Jimin လှည့်ပင်မကြည့်ဘဲ ပြုံးလိုက်တယ်။
'ရောက်လာပြီလား..'
'ဆောရီး..နဲနဲနောက်ကျသွားတယ်..ဋ္ဌာနမှူးက ဒီနေ့မှ ရစ်နေလို့ ဘူနေတယ်'
Jimin က အဲ့တော့မှ ဘေးက သူကို လှည့်ကြည့်တယ်..နောက် သူမအိတ်ထဲက စီးကရက်ဘူးကို
ကမ်းရင်း' bar သွားမလား'
Giselleက စီးကရက် တစ်လိပ်ယူကာ သေသေသပ်သပ် မီးညှိလိုက်တယ်။
'ဘာလဲ..အရင်တစ်ခေါက်က ဘားလား..
တော်ပါပြီ ။
အဲ့နေ့က နင် ငါ့ကို ဂန်းစတားတွေကြား
ထားသွားတာ ငါ့ကို ရိပ်မိကြတော့မလို့'Jiminက Giselle စကားကြောင့် အော်ရယ်လိုက်တော့တယ်။ ဟုတ်ပေသား.. အဲ့နေ့က သူမ Giselle ကိုထားပြီး Minjeong နဲ့ အတူရှိခဲ့တာပဲ။
'ဆောရီး .. ဒါဆို ဘယ်သွားမလဲ.. Irene unnie တို့ဆီ ဆိုရင်ရော?'
'အိုကေ..cool'
Jimin က စီးကရက်ဘူးကို ပြန်သိမ်းတုန်း
သူမ ခါးကြားက သေနတ်က လှစ်ကနဲပေါ်သွားတာကို Giselle မြင်ဖြစ်လိုက်သေးတယ်။'နင်သိလား..ငါသာ နင့်ကို အခုနေ လက်ထိပ်ခတ်လိုက်ရင် ငါ ရာထူးတိုးဖို့ သေချာသလောက်ပဲ'
YOU ARE READING
Take On Me
Fanfiction'Oh? တကယ်လား..ဒါဆို တို့တွေ တွဲကြမလား.. မင်း ကလေးမဟုတ်တော့တဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့'. 'ငါတို့ တွဲကြမယ် ငါ ကလေးမဟုတ်တော့ဘူးဆိုတာ သက်သေပြရမယ်'