' နင့်ကို ဒီလိုအခြေအနေမျိုးနဲ့တွေ့ရမယ်လို့ မတွေးခဲ့ဖူးဘူး'အိမ်ထဲဝင်လာတာနဲ့ စားပွဲဘေးက ပုလင်းခွံတွေကြည့်ပြီး ဝေဖန်နေတဲ့အကိုဖြစ်သူကို မျက်စောင်းထိုးလိုက်သည်။ Jihyunက လက်ပ်တော့ပ်ဆီမှ အကြည့်ခွာဖို့ခက်နေတဲ့ Jimin ရှေ့မှာဝင်ထိုင်လာတယ်။
'ထမင်းရောစားရဲ့လား'
မျက်မှောင်ကြုတ်ကာစိတ်ရှုပ်သွားဟန်နဲ့ Jimin သက်ပြင်းချတယ်။
' ဟန်ဆောင်ပြီး ဂရုစိုက်မေးနေတာဆိုရင်-
'ဟန်ဆောင်နေတာမဟုတ်ဘူး Jimin'
အကိုဖြစ်သူရဲ့ တည်ငြိမ်တဲ့အသံနေအသံထားကြောင့် သူတိတ်ဆိတ်သွားရသည်။ အမြဲပြန်အော်နေကျ သူက အခုဘာမှပြန်ပြောဖို့စိတ်ကူးမရှိနေ။
' နင် ငါ့ကိုဘယ်လိုပဲမုန်းမုန်း နင်က ငါထိန်းကျောင်းခဲ့တဲ့ ငါ့ညီမလေးဖြစ်နေတုန်းပဲ'
Jihyun စကားက မထင်ထားဘဲ Jimin ကို
နွေးထွေးမှုပေးလိုက်နိုင်သည်။
ဒါပေမဲ့ ဒါကို သူဘယ်တော့မှဝန်ခံမည်မဟုတ်။'ဒရာမာ လာရိုက်နေတာလား'
'Jimin'
'အိုခေ အိုခေ..ငါ မသေအောင်တော့ အစာစားပါသေးတယ်..ရပြီလား'
Jihyun က ခေါင်းတခါခါနဲ့ ဘီယာဘူးအသစ်
တစ်ဘူးကို ယူကာဖောက်သည်။'အဖေက အိမ်ပြန်လာဖို့မျှော်နေတယ်..အစီအစဥ်?'
'မရှိဘူး'
အဖြေက ဒီထက်ပိုမြန်နိုင်မယ်မထင်ပါ။
ဒါပေမဲ့ Jihyunကတော့သဘောပေါက်စွာ
ခေါင်းငြိမ့်ပြန်သည်။ အဖေနဲ့ညီမက ခေါင်းမာတာချင်း တပုံစံထဲ တူနေတာကို စိတ်ပျက်စွာ
တွေးလိုက်ရင်းပေါ့။' သူကတော့ ရပ်လိုက်မှာမဟုတ်ဘူး'
' သိတယ်'
Jimin တကယ်တော့ ဖန်သားပြင်ကိုစိုက်ကြည့်နေခြင်းသာဖြစ်သည်။
အတွေးတွေက တောင်စဥ်ရေမရ။' ဒီအတိုင်း ဂရုစိုက်ဖို့မှာချင်တာပါ'
Jimin ကီးဘုတ်ကိုသာ ငုံ့ကာစိုက်ကြည့်လိုက်မိသည်။ အနဲဆုံးတော့ သူ့ကိုစိတ်ပူပေးတဲ့သူ ရှိနေသေးပါလား။
YOU ARE READING
Take On Me
Fanfiction'Oh? တကယ်လား..ဒါဆို တို့တွေ တွဲကြမလား.. မင်း ကလေးမဟုတ်တော့တဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့'. 'ငါတို့ တွဲကြမယ် ငါ ကလေးမဟုတ်တော့ဘူးဆိုတာ သက်သေပြရမယ်'