19

574 47 11
                                    


' I'm so so so sorry,Minjeong..
စိတ်မဆိုးပါနဲ့တော့ ။ ငါကိုယ်တိုင်လာချင်ပေမဲ့
ဘယ်လိုမှ ထွက်လာလို့အဆင်မပြေလို့ '

ကီးဘုတ်ကိုသာ တဂျောက်ဂျောက်ရိုက်နေပေမဲ့
ဘေးကနေ ခွေးပေါက်လေးလို တတွတ်တွတ်တောင်းပန်နေတဲ့ Ning ကြောင့် နောက်ဆူံးမှာ
သက်ပျင်းသာချလိုက်ရသည်။

' နင် မလာနိုင်ရင်တောင် သူ့ကို ..
သူ့ကိုတော့ မပြောပြလိုက်သင့်ဘူး'

Minjeong မျက်နှာလေး သိသိသာသာ
ညှိုးသွားသည်ကို Ning သတိထားမိတော့
ဘေးတိုက်‌အနေအထားနဲ့ဘဲ သူမကို ခပ်မြန်မြန်
ဖက်လိုက်ရသည်။

' ငါ သိတယ် ငါသိပါတယ်။
အဲ့ဒါကြောင့် နောက်မလုပ်တော့ပါဘူး
စိတ်မဆိူးနဲ့တော့နော်'

တကယ်က သူမ ဒေါသထွက်မိတာ Ning ကို မဟုတ်ဘဲ သူမကိုယ်သူမသာ စိတ်ပျက်မိနေခြင်းဖြစ်သည်။

' အင်းပါ ငါ စိတ်မဆိုးတော့ပါဘူး။။
ဒါပေမဲ့ ဒီကော်ဖီကို တော့ နင်တိုက်ရမယ်'

' မုန့်ပါ မှာပါဦးလား :) '

...............................................

ရုံးမှ သူမရဲ့ကိုယ်ပိုင်စားပွဲကို ရှင်းလင်းပြီး
စလင်းဘတ်အိတ်ကို ဆွဲလွယ်လိုက်တဲ့အခါ
မျက်နှာချင်းဆိုင်ကနေ သူမဆီလျှောက်လာတဲ့
Yeri unnieကို တွေ့လိုက်ရလို့ အပြုံးဖြင့် နှုတ်ဆက်လိုက်၏။

Yeri unnieက သူမ ဒီကို စရောက်တည်းက
အစစအရာရာ စိတ်ရှည်စွာနဲ့ သင်ကြားပေးခဲ့တဲ့ စီနီယာ အစ်မမို့ Minjeong ခင်မင်ပါသည်။

'ပြန်တော့မလို့လား Minjeong '

'ဟုတ် အစ်မ Yeri '

Yeriက သူမမျက်မှန်လေးကို ပင့်တင်လျက်
တခုခု စဉ်းစားနေဟန်ရှိသည်။

' umm.. Minjeong ဒီည အားလား'

ဒီနေ့က သောကြာနေ့မို့ Minjeong ဘာမှ လုပ်စရာမရှိပါ။ သူမ ခေါင်းငြိမ့်ပြီး

' ဟုတ် အားပါတယ် ဘာလို့လဲ '

'ဪ ဒီနေ့က အစ်မ မွေးနေ့လေ
အသိမိတ်ဆွေတွေ နည်းနည်းနဲ့ မွေးနေ့ပွဲ လုပ်ဖို့ရှိတယ်။ အဲ့ဒါ Minjeong ကို ဖိတ်ချင်တာပါ '

'အိုး တကယ်လား
ဟက်ပီးဘတ်ဒေးပါ အစ်မ
ညီမက လက်ဆောင်တောင် မပြင်ထားမိဘူး'

Take On MeWhere stories live. Discover now