အကောင်းဆုံးသော အရာတွေဆိုတာ လူတွေကိုယ်တိုင်က သတ်မှတ်တာလေ မင်ဂျောင်းရဲ့။
ငါသတ်မှတ်ထားတဲ့ အကောင်းဆုံးအရာကတော့ မင်းပဲပေါ့။💫
“Jimin ထတော့..”
အသံတိုးတိုးလေးကြောင့် နိုးလာရတဲ့ Jiminကို Minjeongက ကျေနပ်သွားဟန် ပြုံးပြီး ကြည့်နေလေတယ်။
Jimin ပြတင်းကို ကြည့်လိုက်တော့ အမှောင်ထုကိုသာ မြင်ရသည်။ Minjeongကတော့ သူ့မျက်နှာပေါ်က ဆံနွယ်တွေကို သပ်တင်ပေးရင်း ပြောလာတယ်။
“နေထွက်တာသွားကြည့်ရအောင်”
ပြောရင်းဆိုရင်း ရေချိူးခန်းထဲ ဝင်သွားလို့ သူ နာရီကို ကြည့်တော့ ၅နာရီခွဲ အတိမှာ။အနဲငယ်ကျောဆန့်ရင်း ကုတင်ပေါ်မှမထသေးဘဲ Minjeong ထွက်အလာကို စောင့်နေလိုက်သည်။ အတွေးထဲလဲ နေဝင်တာ ကြည့်ဖိူ့ Minjeongကို ကမ်းခြေ ခေါ်သွားတဲ့ အချိန်တွေဆီမှာ။ အဲ့တုန်းက သူ့ကြောင့် Minjeong နေဝင်တာမကြည့်လိုက်ရဘူးလေ။
ရေချိုးခန်းထဲက ထွက်လာတဲ့ သူမ ကိုကြည့်ပြီး Jiminပြုံးလိုက်မိသေးတယ်။ ဘာမှမပြင်ဆင်ထားတဲ့ Minjeong က မနက်ခင်းအတွက် သိပ်လှလွန်းနေတယ်။မျက်နှာသုတ်ပုဝါနဲ့သူမမျက်နှာကိုသုတ်လျက် သူ့ကို ပြုံးပြနေတဲ့ သူမဆီကို Jimin လှမ်းသွားလိုက်တယ်။Minjeongကို သူ့ရင်ခွင်ထဲ ထည့်ဖက်ထားရတာကို သိပ်သဘောကျသည်။ ဖြစ်နိုင်ရင် Minjeongကို ဘယ်သူမှ အန္တရာယ်မပြုနိုင်အောင် အိတ်ကပ်ထဲမှာတောင် ထည့်ဖွက်ထားချင်သည်။ Minjeongက သူ့ကျောပြင်ကို အသာသပ်၍ ခပ်တိုးတိုး ရေရွတ်တယ်။
'Jimin အဲ့လိုလုပ်နေရင် ငါတို့
နောက်ကျတော့မှာပဲ’‘ခနလေးပါ’
Minjeongသက်ပြင်းခပ်တိုးတိုးချလိုက်ပေမဲ့ Jiminရဲ့ကျောပြင်ကိုတော့ သပ်ပေးနေဆဲ ဖြစ်သည်။Jiminကို Minjeong ဘယ်တုန်းကမှ
မလွန်ဆန်နိုင်ခဲ့ဘူးလေ။...............................
လမ်းတလျှောက် နှစ်ဦးလုံး ဘာစကားမှမပြောဘဲ
တိတ်ဆိတ်နေပေမဲ့ အဲ့ဒီစိတ်လုံခြုံစရာ
အခိုက်အတန့်မှာပဲ နေသားကျနေကြတယ်။
ဆောင်းတွင်းမနက်ခင်းမို့ ပင်လယ်နဲ့နီးတဲ့ လမ်းမှာ
လေတချက်ဝှေ့လိုက်တိုင်း Jimin တုန်တက်သွားရသည်။ သူ့လက်မောင်းတွေကိုမသိမသာ ပွတ်သပ်တော့ Minjeong က သတိထားမိဟန်နှင့် လှည့်ကြည့်လာတယ်။
YOU ARE READING
Take On Me
Fanfiction'Oh? တကယ်လား..ဒါဆို တို့တွေ တွဲကြမလား.. မင်း ကလေးမဟုတ်တော့တဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့'. 'ငါတို့ တွဲကြမယ် ငါ ကလေးမဟုတ်တော့ဘူးဆိုတာ သက်သေပြရမယ်'