' အသံမထွက်နဲ့နော် Minjeong'
လမ်းကြိုလမ်းကြားတစ်ခုရဲ့ ထောင့်မှာ
ထိုင်ချရင်း Jimin က ကြားတယ်ဆိုရုံလေး
ခပ်တိုးတိုးပြောတယ်။ သူ့ရဲ့လက်ညိုးက Minjeongရဲ့ နှခမ်းကို ထိကပ်ထားပြီး လက်တစ်ဖက်ကတော့ သူမပုခုံးကို တင်းတင်း ဆုပ်ကိုင်ထား၏။ဘာကြောင့်လဲ Minjeong မသိပေမဲ့ Jimin ပြုမူနေပုံက သေရေးရှင်ရေးကိစ္စကို ကြုံနေရသလိုပဲ။
'Jimin..'
' ငါ့စကားနားထောင်နော် ။ ဒီမှာ ငြိမ်ငြိမ်လေးနေပြီး အသံလုံးဝမထွက်နဲ့။ ငါ သူတို့ကို လမ်းလွှဲလိုက်မှာမို့ အခွင့်အရေးရတာနဲ့ ပြေး ။
နောက်ကို လုံးဝ လှည့်မကြည့်နဲ့ ကြားလား"Jimin က ဒီစကားတွေကို တရစပ် ပြောနေတာ
ဖြစ်ပြီး သူ့မျက်လုံးတွေက မတည်မငြိမ်ဖြစ်နေသည်ကို Minjeong သတိထားမိ၏။
ထို့နောက် သူ့လက်ထဲရောက်လာတဲ့ ဖုန်းတစ်လုံး။' လွတ်တာနဲ့ Aeriကို ဖုန်းဆက်လိုက်။
သူ လာခေါ်ပေးလိမ့်မယ်။ ခုချိန်မှာ သူကလွဲပြီး ယုံလို့ရတဲ့သူ မရှိဘူး "Jimin က သူမ ဆံပင်တွေကို သပ်ပေးရင်း
သူမမျက်နှာကို နူးညံ့စွာ ကြည့်လာတယ်။' ငါ မရှိတော့ရင်တောင် မင်းကတော့ ဘေးကင်းနေမှဖြစ်မယ် Winter...'
ဘာလို့ ဒီလိုစကားတွေ ပြောနေရတာလဲ ..
ဘယ်တော့မှ မတွေ့ရတော့မဲ့ သူလိုမျိုး။ပြောစရာ ဘာမှ မရှိသလိုမျိုး ဆွံ့အနေပေမဲ့
Minjeongသူ့ကို စကားတွေ အများကြီး ပြောချင်နေတယ်။ အသက်ရှူသံ ခပ်ပြင်းပြင်းတွေကြားမှာ သူမ နဖူးပေါ် သက်ရောက်လာတဲ့ နှခမ်းတစ်စုံ။' Jimin...ငါ '
မျက်ရည်စတွေနဲ့ သူ့မျက်ဝန်းတွေကို ကြည့်ပြီး
Minjeongသူ့ကို ချစ်ကြောင်း ပြောချင်လိုက်တာ။ အတန်ကြာတဲ့အထိ ဘာမှ ပြောမထွက်တဲ့
သူမကို Jimin နားလည်ပေးပါတယ်။' ငါလဲ မင်းကို ချစ်တယ် ..
ငါ့ရဲ့ အသက်ထက် 'Minjeong ကို ထိုနေရာလေးမှာ တစ်ယောက်တည်း မထားခဲ့ခင် Minjeong
နှခမ်းကို သူ မက်မက်မောမော နမ်းနေ
ခဲ့ပါတယ်။
YOU ARE READING
Take On Me
Fanfiction'Oh? တကယ်လား..ဒါဆို တို့တွေ တွဲကြမလား.. မင်း ကလေးမဟုတ်တော့တဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့'. 'ငါတို့ တွဲကြမယ် ငါ ကလေးမဟုတ်တော့ဘူးဆိုတာ သက်သေပြရမယ်'