Part - 1
နူးညံ့စွာတိုက်ခက်နေသော လေပြေလေညှင်းလေးသည် အိမ်ဧည့်ခန်း၌ စကားအခြေအတင်ဖြစ်နေသူများဆီ လူးလွန့်လို့ လာပါသည်။
" သားလက်မခံနိုင်ဘူး ဖေဖေ "
သားဖြစ်သူ၏ စကားသံသည် ပြတ်သားလွန်းလှသည်။ထိုကဲ့သို့ပင် ဖခင်ဖြစ်သူ၏ လေသံသည် မာထန်လွန်းလှပေသည်။
" မရဘူး သားဒီမင်္ဂလာပွဲကို လက်ခံမှဖြစ်မယ် ညစာစားပွဲကို သားလိုက်ခဲ့ရမယ် အားလုံးလည်း ပြင်ဆင်ပြီးပြီ "
ထို့နောက် သားဖြစ်သူသည်လည်း ဖခင်၏ တစ်ချက်လွတ်အမိန့်အား တွန်းလှန်နိုင်ရန်ခွန်အားမရှိတော့ချေ ။ဖခင်ဖြစ်သူသည် စကားအကုန်ပြောဆိုပြီးသည်ဖြစ်သည့်အလျောက် နေရာမှ လှည့်ထွက်သွားတော့သည်။သားအဖနှစ်ဦး၏ စကားဝိုင်းတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိလှသည့် မိခင်သည် သားဖြစ်သူကိုတစ်လှည့် ၊ လင်ယောက်ျားကိုတစ်လှည့်ကြည့်ကာ သက်ပြင်းသာ အကြိမ်ကြိမ် ချနေမိတော့သည်။
သားဖြစ်သူ၏ ပါးပြင်တွင်လည်း မျက်ရည်များ ခုန်ကာလိမ့်စီးလို့နေတော့သည်။ပြီးနောက် သားဖြစ်သူသည် လေးလံသော ခြေလှမ်းများနှင့် အိပ်ခန်းရှိရာဆီ တရွေ့ရွေ့ ထွက်ခွာသွားနေတော့သည်။သူမသည် သားဖြစ်သူ၏နောက်မှာ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ပြီး အိပ်ခန်းတွင်း၌ ရှိုက်ကြီးတငင် ငိုယိုနေသည့် သားဖြစ်သူအား တွေဝေစွာ ကြည့်နေမိတော့သည်။
ထိုစဥ် သားဖြစ်သူ၏ အတွေးများသည်လည်း ရှုပ်ထွေးလွန်းလှသည်။ဖခင်သည် အဘယ်ကြောင့် သူ့အား အခြားသော ယောက်ျားတစ်ဦးတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်စေရန် အကြံပြုသနည်း။သူသည်လည်း ယောက်ျားတစ်ယောက်ဖြစ်ပါရဲ့ ထိုအချင်းအရာအား လက်ခံနိုင်ရန် လွန်စွာခဲယဥ်းနေမိသည်။ဖခင်သည် သူ့အား Font Companyပိုင်ရှင် သူဌေးဖြစ်သည့် Font Rannaနှင့် စေ့စပ်ရန် စီစဥ်နေခြင်းဖြစ်သည်။ထိုအမျိုးသားသည် သူ့ထပ် ဆယ်နှစ်ကျော် အသက်ပိုကြီးကာ လုပ်ငန်းခွင်တွင် အောင်မြင်ကျော်ကြားနေသည့် လူငယ်လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည်။
ဖခင်နှင့်လည်း အစုတူရှယ်ယာဝင်လုပ်ငန်းရှင်ဖြစ်သည်မို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရင်းနှီးခင်မင်ကြသည်။ဤသည်က အကြောင်းမဟုတ်၊မထူးဆန်းလှချေ။Font Rannaဆိုသူသည် လူငယ်လုပ်ငန်းရှင်ဖြစ်သည့်အလျောက် အမျိုးသမီးများကြားတွင်လည်း အောင်မြင်ကျော်ကြားမည်မှာ မလွဲမသေပင်ဖြစ်သည်။ပို၍ထူးဆန်းလှသည်မှာ ထိုအမျိုးသားကပင်စ၍ သူ့အားလက်ထပ်လိုကြောင်း ဖခင်မှတစ်ဆင့်စကားပါးခြင်းသာဖြစ်သည်။ဤသို့သော် လူချမ်းသာတစ်ဦးသည် အဘယ့်ကြောင့် သူ့ကိုမှ ပိုင်ဆိုင်လိုသည်ကို နားမလည်ပါချေ။သူ၏ မျက်ရည်များသည်လည်း အတော်မသတ် ကျဆင်းနေဆဲ ဖြစ်သည်။
YOU ARE READING
အဆုံးမရှိသော ( Infinity )
Romance18+ ပြန်လည်ရေးသားတင်ပြသော Fictionတစ်ပုဒ်ဖြစ်သည် ။ ( မာန်သွေးသစ် )