Part - 6
အချိန်ကား နေ့လည်မွန်းတည့်ချိန်သာဖြစ်သည်။ခေါင်းရင်းပြတင်းပေါက်မှတစ်ဆင့် ဆူးရှရှအလင်းရောင်သည် သူ၏မျက်ကြည်လွှာအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာတော့သည်။ထိုအလင်းရောင်ကြောင့်ပဲ သူဟာ နိုးထလာခဲ့ခြင်းသာဖြစ်သည်။သူ၏ ဘေးဘက်အိပ်ယာပေါ်တွင် မည်သူမှ မရှိချေ။သူ၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင် ပတ်တီးများ ၊ ပလာစတာများ ရှိနေပြီး သူ့ခန္ဓာကိုယ်ကနေ ဆေးနံ့များ ထွက်ပေါ်နေပေသည်။
ထိုအနံ့များကြောင့် သူသည် အိပ်ယာမှ ထကာထိုင်လိုက်ပြီး အိပ်ခန်းအတွင်းသို့ သူ့အကြည့်များအား ကစားစေလိုက်သည်။အိပ်ခန်းတွင်းရှိ ဧည့်ခန်းအသေးစားလေး၌ လူတစ်ဦးထိုင်နေပေသည်။ထိုသူသည် ဦးခေါင်းကိုလက်ဖြင့်ထောက်ထားလျက် ခြေထောက်များကို တစ်ချောင်းပေါ် တစ်ချောင်းဆင့်ကာ ချိတ်လျက် ထိုင်နေပေသည်။အိပ်ယာပေါ်မှ သူ့ကိုလည်း မမှိတ်မသွန် ကြည့်နေပေသည်။ထိုသူမှာ အခြားလူတော့မဟုတ်ချေ။သူ၏ ချစ်လှစွာသော လင်ယောက်ျား ခင်ပွန်းဖြစ်သူ Front Rannaသာ ဖြစ်ပေသည်။
Front Rannaကို မြင်တော့ ထွက်ပြေးလာခဲ့တဲ့နေရာကနေ သူဒီနေရာကို ပြန်လည်ရောက်နေတဲ့အကြောင်း ရိပ်မိကာ ဗြုန်းသား အော်ငိုတော့သည်။သူ့ရဲ့ ငိုသံကြောင့် Frontသည် ထိုင်နေရာကနေ ပြာပြာသလဲ ပြေးလာခဲ့သည်။
" ဘာဖြစ်တာလဲ Ren,မကြောက်နဲ့ ကိုယ့်ကိုပြော ဘာဖြစ်တာလဲ "
သို့ပေမယ့် Ren Harraက ပြန်မဖြေသေးဘဲ ငို၍ ကောင်းနေဆဲ ဖြစ်သည်။အချိန်အနည်းကြာတဲ့အထိ Front Rannaက Ren Harraကို ငိုစေလိုက်သည်။ပြီးမှ....
" ငိုလို့ဝပြီမလား ဒီလောက်ဆိုတော်တော့လေ ဘာဖြစ်ခဲ့လဲ သူတို့မင်းကို ဘာလုပ်ခဲ့ကြတာလဲ အမှန်တိုင်းပြော မင်းကို လက်ဖျားနဲ့တောင် မထိဘူးလို့ ကတိပေးတယ်နော် ကိုယ့်ကိုပြော "
ဒီလိုဆိုတော့ Front Rannaရဲ့ ရင်ခွင်ထဲမှ Ren Harraက နှာခါင်းလေး တရှုံ့ရှုံ့ မျက်ရည်လေး စမ်းတမ်းတမ်းဖြင့်
" သူတို့ ဘာမှမလုပ်ကြပါဘူး ကျွန်တော်ကသာ အသုံးမကျလို့ ဒီနေရာကို ပြန်ရောက်လာတာ "
YOU ARE READING
အဆုံးမရှိသော ( Infinity )
Romance18+ ပြန်လည်ရေးသားတင်ပြသော Fictionတစ်ပုဒ်ဖြစ်သည် ။ ( မာန်သွေးသစ် )