စျေးဝယ်ခြင်း

523 23 4
                                    

Part - 8

နံနက်အာရုံတက် လင်းခါနီးလောက်အချိန်ကတည်းက ကားဖြင့် တောက်အောက်ဆင်းလာခဲ့ကြရာ ယခု နံနက်ဆယ်နာရီကျော်လောက်တွင် သူတို့တောင်အောက်ကိုရောက်ခဲ့ပြီဖြစ်သည်။ရွာထဲလမ်းသည် ကျဥ်းလွန်းတာကြောင့် ကားဖြင့်ဝင်၍ မရချေ။ထို့ကြောင့် သူတို့အတူ လမ်းလျှေုာက်၍သာ ဝင်ခဲ့ကြရသည်။ရွာဟုသာဆိုရသည် ​မွေးရပ်မြေကဲ့သို့ တောကျလွန်းလှသည့်ရွာရယ်တော့ မဟုတ်ချေ။

ရွာဦးဂိတ်ပေါက်တွင် Akများကိုင်ထားသော အစောင့်လေးငါးခြောက်ဦးခန့်ရှိသည်။ဝင်ခွင့်ကဒ်ပြပြီးမှသာ သူတို့ကို ရွာထဲဝင်စေသည်။သူတို့တွင် ပါလာသော လက်နက်များကိုလည်း စစ်ဆေးသည်။အခြားသူများကိုတော့ လက်နက်ပါလာလျှင် ဝင်ခွင့်မပေးသကဲ့သို့ ရွာပြင်ထွက်ချင်လျှင်လည်း လက်နက်များအား ဂိတ်ပေါက်တွင် ထားခဲ့ရမည်ဖြစ်သည်။သို့သော် သူတို့အထဲတွင် Front Rannaရှိနေတာကြောင့် အလွယ်တကူရွာထဲဝင်၍ ရသည်။

ရွာထဲတွင် လူတိုင်းလိုလို၌ လက်နက်ကိုယ်ဆီရှိကြသည်။ဆယ်နှစ်သားကလေးမှာတောင် Akတစ်လက်အနည်းဆုံးရှိသည်။လှတပတ အမျိုးသမီးများမှာလည်း လက်နက်ကိုယ်ဆီရှိကြသည်။ကလေးအစ သက်ကြီးရွယ်အိုများအထိ လူသတ်လက်နက်များဆောင်ထားကြသည်။Front Rannaခေါ်ဆောင်ရာသို့ လိုက်လာခဲ့ပြီးနောက် နှစ်ထပ်အိမ်တစ်အိမ်သို့ရောက်သည်။အိမ်သည် ထရံကာအိမ်ဖြစ်ကာ  ရေနံဆီများသုပ်ထားတာကြောင့် မဲမှောင်နေသည်။အိမ်ထဲမှ အသက်ကြီးကြီး လူကြီးတစ်ယောက်ထွက်လာသည်။ထိုလူကြီး၏ နောက်ကျောဘက်တွင်လည်း ခြောက်လုံးပြူးတစ်လက်ကို လွယ်ထားကာ ခါးတွင်လည်း ၇လက်မခန့်ရှိသော ဓားမြှောင်အသေးစားတစ်လက်ပါကာ အခြားလက်ပစ်ဗုံးကဲ့သို့ လက်နက်များလည်း ချိတ်ဆွဲထားသည်။

ထိုလူကြီးသည် ရွာ၏အကြီးအကဲတစ်ယောက်ဖြစ်ဟန်တူသည်။Front Rannaကို တွေ့သည်နှင့် ထိုလူကြီးသည် ပြာပြာသလဲရယ်ပြကာ လက်ဆွဲနှုတ်ဆက်သည်။Renနားမလည်သည့် ဘာသာစကားမျိုးနှင့် Front Rannaက Renကို ထိုလူကြီးနှင့် မိတ်ဆက်ပေးသည်။သို့သော် Front Rannaနှင့် ထိုလူကြီးတို့ ပြောနေကြသည့် စကားများအား Ren Harraတစ်ခုမှ နားမလည်ပါချေ။ပြီးနောက် Renတို့ကို သစ်သားကုတင်တစ်ခုပေါ်တွင် ထိုင်ခိုင်းကာ အဖန်ရည်( ရေနွေးကြမ်း )လာချပေးသည်။

အဆုံးမရှိသော ( Infinity ) Where stories live. Discover now