Part - 5
ဘာလိုလိုနှင့် Front Rannaရဲ့ လေ့ကျင့်ရေးစခန်းကို သူရောက်နေသည်မှာ တစ်ပတ်ကျော်ပြီဖြစ်သည်။နေ့တိုင်း ကွင်းပတ်ပြေးလိုက် ဘားတန်းကျော်လိုက်နှင့် သူသည်လည်း အတော်လေး သက်လုံကောင်းလာခဲ့ပြီဖြစ်သည်။ထို့ပြင် တပ်သားအတော်များများနှင့်လည်း ရင်းနှီးခဲ့ပြီး ဖြစ်သည်။သည်နေ့တွင် Front Rannaသည် သူ့အား အဆင့်တက်သင်ကြားပေးမည်ဟု ပြောခဲ့သည်။သို့သော် သူကတော့ ကိုယ်လက်လေ့ကျင့်ရေးကိုပင် လုပ်နေဆဲဖြစ်သည်။ထမင်းစားချိန်ကပ်နေပါသော်လည်း Front Ranna၏ အရိပ်အရောင်ပင် မတွေ့ ရချေ။
" သခင်လေး, ဘာရှာနေတာလဲ "
" မင်းတို့Boss ဘယ်သွားလဲ "
" ဪ Bossက Minတို့နဲ့ လျှိုဝှက်အစည်းအဝေးလုပ်နေတာ "
Renသည် ခေါင်းအသာငြိမ့်ပြရင်း သူလုပ်ရမည်များကိုသာ လုပ်နေတော့သည်။သိပ်မကြာခင်အချိန်လေးမှာပဲ သူတို့ဟာ ထမင်းစားနားရပြီဖြစ်သည်။ထမင်းစားချိန်တွင်တော့ Front Rannaက သူအနားပြန်ရောက်လာပြီ ဖြစ်သည်။
" ဗိုက်ဆာပြီလား "
" ခင်ဗျားကို စောင့်နေတာလေ "
" လိုက်ရှာနေတာလား "
" မဟုတ်ပါဘူး "
" ဟုတ်တယ်တော့ လုပ်လိုက်ပါ "
" မဟုတ်ပါဘူးဆို ဘာလဲ "
" ဘာမှမလဲပါဘူး ဪ မေ့တော့မလို့ ဒီနေ့ အသစ်မသင်ပေးတော့ဘူးနော် ကိုယ်မအားသေးလို့ "
" ရပါတယ် ဘာလို့မအားတာလဲ "
" လက်နက်တွေမှာ ရောက်လာတော့မှာမလို့လေ "
ဆက်မမေးတော့ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ပြီးနောက် Front Rannaက သူ့လက်မောင်းအား အသာပုပ်ကာ အနားနားတိုး၍ တစ်စုံတစ်ခုအား ခိုးပေးသည်။ထိုအရာမှာ အသားဟင်းပန်းကန်ဖြစ်သည်။သူသည်လည်း မျက်လုံးပြူးမျက်စံပြူးနှင့် Front Rannaအား ပြန်ကြည့်နေမိသည်။Front Rannaသည် သူ့အား ပြုံးပြုံးကြီး ကြည့်နေပြီး ဟင်းပန်းကန်အား သူ့ရှေ့ချပေးသည်။သည်နေ့တွင်တော့ သူ့ဘေးနားတွင် Front Rannaရှိနေသည်မို့ မည်သူမျှ သူနှင့်အတူ ထမင်းလာမစားကြချေ။သည်တော့ ထိုဟင်းပန်းကန်အား သူတစ်ဦးတည်းသာ စားရသည်။
YOU ARE READING
အဆုံးမရှိသော ( Infinity )
Roman d'amour18+ ပြန်လည်ရေးသားတင်ပြသော Fictionတစ်ပုဒ်ဖြစ်သည် ။ ( မာန်သွေးသစ် )