နောက်ဆုံးလေ့ကျင့်ရေး

481 18 1
                                    

Part - 7

ဒီနေ့ဟာ Renအတွက် လေ့ကျင့်အရေး အသစ်စတင်ခဲ့သည်မှာ တစ်လတင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။အခြားသော အဖွဲ့သားတွေလို Renဟာ သေနတ်မကိုင်ရဘဲ လေးနဲ့မြှားကိုပဲ အသုံးပြုရသည်။Front Rannaက Renကို မီတာ၁၀၀အတွင်း ပစ်မှတ်များကို အဆင့်ဆင့် ပစ်ခိုင်းခဲ့သည်မှာလည်း တစ်လပြည့်ပြီ ဖြစ်သည်။

" ဒီမှာ မီတာ ၁၀၀ပဲ Ren, မင်းလုပ်နိုင်မလား "

" စမ်းကြည့်တာပေါ့ "

" ဒီမျက်မှန်ကို ချွတ်လိုက် , Ren မြှားက ၃စင်းပဲ ရှိမယ် ပစ်မှတ်ကို နှစ်ချက် ထိရင်ကို အကျိုးမယုတ်ဘူး "

" ၃ချက်လုံးထိရင် ဘာဖြစ်မလဲ "

" ၃ချက်လုံးထိရင် လေ့ကျင့်ရေး ဆင်းလို့ရပြီ "

ထိုစကားကြောင့် Renဟာ အပျော်ကြီးပျော်သွားပြီ ဖြစ်သည်။အမှန်တော့ Renဟာ ထိုလေ့ကျင့်ရေးများကို စိတ်မဝင်စားချေ။သို့သော်လည်း Front Ranna၏ တစ်ချက်လွတ်အမိန့်ကြောင့် လေ့ကျင့်နေရခြင်းသာဖြစ်သည်။

" ပစ်မှတ်တွေ သွားကြည့်လိုက် "

Front Rannaအမိန့်ပေးလိုက်သည်နှင့် တပ်သားတစ်ယောက်ကို စေလွှတ်လိုက်သည်။ထိုတပ်သားသည် မီတာ၁၀၀ကျော်ရှိ ပစ်မှတ်ဆီသို့ ချက်ချင်းဆိုသလို ပြေးထွက်သွားသည်။ပြီးတဲ့နောက် ပစ်မှတ်ကို ဖြုတ်ယူလာခဲ့ပြီး သုပ်သုပ် သုပ်သုပ်နှင့် သူတို့ရပ်နေသည့်နေရာသို့ အမောတကော ပြေးပြန်လာသည်။ပါးစပ်ဖျားမှလည်း

" Boss, ကွက်တိပဲ အကုန်ကွက်တိပဲ " ဟုအော်ကာ ပြေးလာနေခြင်းဖြစ်သည်။

တပ်သားယူလာသည့်ပစ်မှတ်ဘုတ်ပြားအား Front Rannaယူကြည့်လိုက်သည့်အခါ အမှန်ပင်ဖြစ်သည်။မြှားသုံးစင်းသည် ပစ်မှတ်အလယ်တည့်တည့်၌ ရှိနေသည်။ထို့ပြင် တစ်နေရာထဲသို့ တည့်ထိစိုက်ဝင်နေပုံများ မြှားနှစ်စင်းသည် ထက်ခြမ်းကွဲထွက်နေလျက် နောက်ဆုံးမြှားတစ်စင်းသည် တစ်ဝက်ခဲ့ ပစ်မှတ်တည့်တည့်၌ စိုက်ဝင်နေပေသည်။ထို့နောက် Front Rannaသည် Ren Harraအား အသေအချာကြည့်ကာ

" ဒီလောက်ကောင်းတဲ့မျက်လုံးတွေကို မျက်မှန်နဲ့ဖုံးထားခဲ့တာပဲ "

အဆုံးမရှိသော ( Infinity ) Where stories live. Discover now