Part - ( 10 )
Front Rannaရဲ့ ဖခင်ဆီသွားရန် အစီစဥ်သည် အကြောင်းအမျိုးမျိုးကြောင့် ကြံ့ကြာနေခဲ့သည်။သည်နေ့မှာတော့ ထိုအစီအစဥ်ဟာ အတည်ဖြစ်လာခဲ့ပြီ။
သွားခါနီးအချိန်ကပ်သည်အထိ Renက တစ်ခုပြီးတစ်ခု ယူလို့မပြီးနိုင်ဖြစ်နေသည်။နှုတ်ကနေလည်း တတွတ်တွတ်ရေရွတ်ရင်း သူယူလာသည့် အရာများကိုရေတွက်နေသည်။
ထို့နောက် ဝတ်စုံများကိုလည်း တစ်စုံပြီးတစ်စုံ လဲဝတ်ကြည့်နေသည်။
" ချာတိတ်, ဒီပုံစံနဲ့လည်း အဆင်ပြေနေပါပြီကွာ အများကြီး ထပ်မပြင်ပါနဲ့တော့ "
" ပြင်ရမယ်လေ တော်ကြာ လူကြီးအဖေက ကျွန်တော့်ကို သဘောမကျဘူးဆို ဘယ်လိုလုပ်မလဲ "
" သူသဘောကျဖို့ မလိုဘူးလေ ကိုယ်သဘောကျတယ် "
" ဟွန့် အပိုတွေမပြောနဲ့ ဒီဝတ်စုံနဲ့လိုက်တယ်မလား "
Renက အဝါရောင်ခေါင်းစွတ်ဟူဒီအနွေးထည်ဝတ်ထားပြီး ခပ်ပွပွဂျင်းဘောင်းဘီအပြာနုရောင်လေးနှင့် တွဲဖက်ဝတ်ဆင်ထားသည်။Renပုံစံဟာ ငယ်ရွယ်နုပျိုမှုကို သိသာထင်ရှားစေသည်။
နောက်ဆုံးမှာတော့ Renက ထိုဝတ်စုံတွေကို မလဲတော့တာမို့ သူတို့အတွက် နောက်ထပ်ခရီးစဥ်တစ်ခုစတင်ပြီဖြစ်သည်။
သူတို့နေထိုင်ရာ တောင်၏ တစ်ဖက်တွင်ရှိနေသော Front Ranna၏ ဖခင်ရှိရာနေရာသည် အတော်လေးလှမ်းသည်။တောင်တစ်တောင်အလွန်တွင်ရှိတာကြောင့် အတော်လေးပင်ပန်းလွန်းလှသည်။ခရီးလမ်းကြမ်းတာကြောင့် Renဟာ ငြီးငြူနေသည်။
အချိန်၄နာရီမျှ ကားမောင်းပြီးနောက် တောင်အောက်ကိုရောက်လာခဲ့ပြီဖြစ်သည်။တောင်အောက်ရောက်သည်နှင့် အနည်းငယ်ထပ်မောင်းပြီးသည့်အခါ ရွာတစ်ရွာ၏ အဝင်လမ်းကို ရောက်သည်။
ထိုရွာဟာတော့ Front Rannaတို့ တောင်အောက်ရှိ ရွာနှင့်မတူချေ။မတူသည်မှာ လက်နက်ကိုင်မရှိသောကြောင့် ဖြစ်သည်။ရွာသူရွာသားများကလည်း သူတို့အား အရေးတယူအဖက်လုပ်ခြင်းလည်း မရှိချေ။
ရွာလမ်းအတိုင်း ဆက်၍မောင်းလာခဲ့ပြီး မိနစ်အနည်းငယ်ကြာသည့်အခါ ခြံအကျယ်ကြီးတစ်ခုအား မြင်တွေ့ရသည်။ခြံတံခါးရှေ့ရောက်တော့ အဝတ်ခပ်စုတ်စုတ်နှင့် လူကြီးတစ်ယောက်က ပြေးထွက်လာသည်။
YOU ARE READING
အဆုံးမရှိသော ( Infinity )
Romance18+ ပြန်လည်ရေးသားတင်ပြသော Fictionတစ်ပုဒ်ဖြစ်သည် ။ ( မာန်သွေးသစ် )