Part - 4
မနက်စာစားပြီးသည်နှင့်တစ်ပြိုင်နက် သူတို့တွေစတင်ခရီးထွက်လာခဲ့ခြင်းဖြစ်သည်။ပထမဆုံး ခရီးတစ်ဝက်အား သူတို့လေယာဥ်နှင့်သွားရသည်။ဒုတိယတစ်ဝက်ကိုတော့ တောလမ်းသွားကားများနှင့် သွားရသည်။ခရီးသည် ဝေးလွန်းကာ ရှည်လျားလွန်းလှသည်။သူတို့ ကားအရှေ့တွင် ကား၄စီးခန့်ရှိပြီး နောက်တွင်လည်း ကာ၄စီးခန့် ကပ်ပါလာသည်။ခရီးလမ်းအလွန်ကြမ်းကာ ပတ်ဝန်းကျင်တွင်လည်း အပင်များနှင့်အုပ်ဆိုင်းလို့နေပေသည်။
" ကားခဏရပ်ပေးပါလား "
Renအပြောကြောင့် ကားမောင်းသူနှင့်အတူ Front Rannaတို့ပါ အကြောင်သားဖြစ်သွားကြသည်။
" အန်ချင်လို့လား "
" မဟုတ်ပါဘူး ဟိုပန်းခင်းကြီးကို ဓာတ်ပုံရိုက်ချင်လို့ "
Renဒီလိုလုပ်နေသည်မှာ ကြာပြီဖြစ်သည်။တစ်နေရာရောက်လိုက် ကားရပ်ခိုင်းလိုက်နှင့် ခရီးက နဂိုထပ် ပိုကြာသည်။Front Rannaကတော့ Renလုပ်သမျှအား ပြုံးပြုံးကြီးကြည့်နေတော့သည်။
" ကဲကဲ ရပ်ပေးလိုက် "
Frontပြောပြီးနောက် ကားသမားသည် ဟွန်းသံ ၃ချက်တီးလိုက်သည်။ကျန်ကားများဆီမှ ဟွန်းတီးသံများလည်း ဆက်တိုက်ထွက်ပေါ်လာသည်။ပြီးနောက် ပန်းခင်းရှိရာနှင့် မလှမ်းမကမ်းတွေ ကားများ ရပ်နားလိုက်ကြသည်။Renသည်လည်း အသင့်ယူလာသည့် ကမ်မရာကိုယူပြီး ကားပေါ်မှ ဆင်းကာ ပန်းခင်းကြီးရှိရာဆီပြေးတော့သည်။
" လှတယ်မလား "
" အင်း အရမ်းလှတယ် ဒီလိုနေရာတွေမှာ ငယ်ငယ်ကတည်းက နေချင်ခဲ့တာ "
" မင်းသဘောကျတယ်ဆိုလို့ ကျေနပ်ပါတယ်ကွာ "7
" ဒါနဲ့ ရောက်ဖို့လိုသေးလားဟင် တော်တော်လေးကြာနေပြီ ညနေတောင်ရောက်နေပြီ "
" တအောင့်လောက်ဆို ရောက်ပြီလေ မြန်မြန်ရောက်ချင်ရင် ကားပေါ်တက်တော့လေ "
Renလည်း ခေါင်းငြိမ့်ပြကာ ကားရှိရာဆီပြန်ပြေးလာခဲ့လိုက်သည်။သွားဖူးသည့်ခရီးများထဲတွင် ယခုသွားရသည့် ခရီးသည် အသပ်သာဆုံး ဖြစ်သည်။Renကတော့ မုန့်စားလိုက် ဂိမ်းဆော့လိုက်နှင့်သာ ခရီးနှင်လာခဲ့သည်။Ren အိပ်ချင်သည့်အခါတွင် Front Ranna၏ ရင်ခွင်တွင်း ဝင်လှဲ၍ရနေသည်မို့ Renကတော့ အတော်လေးဇိမ်ကျလွန်းလှသည်။
YOU ARE READING
အဆုံးမရှိသော ( Infinity )
Romance18+ ပြန်လည်ရေးသားတင်ပြသော Fictionတစ်ပုဒ်ဖြစ်သည် ။ ( မာန်သွေးသစ် )