Part - 3
Renအိပ်ယာထတဲ့အချိန်ဟာ နေ့လည်စောင်းပြီ ဖြစ်သည်။ထုံးစံအတိုင်း Front Rannaသည် အိမ်မှာမရှိချေ။အိပ်ယာထပြီးနောက် သူဟာ ဧည့်ခန်းထဲမှာထိုင်ရင်း Front Ranna၏ တီဗွီစင်ကို မွှေနောက်နေတော့သည်။တီဗွီစင်ထဲတွင် ဇာတ်ကားအခွေအနည်းငယ်ရှိသည်။ဇာတ်လမ်းတိုင်းသည်လည်း ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ရေးဇာတ်လမ်းများသာ ဖြစ်သည်။သူသည် စိတ်ပျက်စွာ ကျစ်တစ်ချက်သပ်လိုက်ရင်း ကောင်းနိုးရာရာ ဇာတ်ကားတစ်ပုဒ်ကို ဖွင့်လိုက်သည်။
ထိုင်ခုံပေါ်ပြန်ထိုင်ရင်း မျက်လုံးအကြည့်တို့သည် စားပွဲပေါ်၌ ရှိနေသည့် စာအိတ်လေးတစ်ခုဆီကိုဖြစ်သည်။သိချင်စိတ်နှင့် ထိုစာအိတ်လေးအား သူသည် ဖွင့်ဖောက်ကြည့်လိုက်သည်။စာရေးသူမှာ သေချာပေါက် Front Rannaဖြစ်ပေသည်။စာထဲ၌ ရေးထားသည်မှာ -
* Ren,မင်းနိုးရင် နေ့လည်စာ စားဖို့ ပြင်ပေးထားတယ် အံစွဲထဲမှာလည်း သရေစာအနည်းငယ်ရှိတယ် မဝသေးဘူးဆိုရင် ဧည့်ခန်းနားက ခလုတ်ကို နှိပ်လိုက် မင်းခိုင်းလို့ရမဲ့လူရောက်လာလိမ့်မယ် မင်းစားချင်တာ ယူလာခိုင်းလို့ရတယ် *
စာထဲကအတိုင်း Renသည် Front Rannaပြင်ပေးခဲ့သည့် နေ့လည်စာကို စားနေရင်း
" အံမယ် မင်းယောက်ျား Front Rannaဆိုပဲ ဟမ့် ဘယ်တုန်းက သူ့ကိုယောက်ျားလို့ သတ်မှတ်လိုက်လို့လဲ "
နေ့လည်စာ စားပြီးတဲ့နောက် သူဟာ အိမ်အကူလေးကို ခေါ်ကာ သူကြည့်နေကျ ကာတွန်းကားအချို့နှင့် သရေစာမုန့်အချို့ကို မှာလိုက်သည်။သိပ်မကြာမီအချိန်တွင် Front Rannaသည် အနောက်တိုင်းဝတ်စုံအပြည့်နှင့် ပြန်ရောက်လာတော့သည်။သူ့ဘေးနားတွင် ခြေပစ်လက်ပစ်ဝင်ထိုင်ကာ သူ့ခန္ဓာကိုယ်လေးအား သိမ်းကျုံးဖက်ထားလိုက်သည်။
" ဟိတ်လူ ခင်ဗျားဒါဘာလုပ်တာလဲ "
" ဖက်တာလေကွာ ဖက်တာ "
" ခင်ဗျားဖက်ချင်တိုင်း ဖက်လို့ရမလားဗျ လွှတ်ဗျာ ခင်ဗျားလွှတ် "
Front Rannaရဲ့ လက်မောင်းတွေကြားကနေ Ren Harraဟာ အတင်းရုန်းနေတော့သည်။ဤသည်ကို Front Rannaက သဘောကျနေကာ
YOU ARE READING
အဆုံးမရှိသော ( Infinity )
Romansa18+ ပြန်လည်ရေးသားတင်ပြသော Fictionတစ်ပုဒ်ဖြစ်သည် ။ ( မာန်သွေးသစ် )