Part- 2
ကြီးမားကာ နူးညံ့လှသော မွေ့ယာအထူကြီးပေါ်မှ နှစ်ခြိုက်စွာအိပ်ပျော်နေသော Renသည် ရုပ်တရက်လန့်နိုးလာတော့သည်။ပတ်ဝန်းကျင်သည် ထူးဆန်းစွာ တိတ်ဆိတ်နေသည်။Renရောက်နေသည့်နေရာမှာ အခန်းကျယ်ကြီး တစ်ခုတွင်ဖြစ်သည်။ဖြစ်ပျက်ခဲ့သည်များအား ပြန်လည်သုံးသပ်ပြီးနောက် အခြေအနေအား သဘောပေါက်သွားတော့သည်။
" မင်း နိုးလာပြီလား "
ရုပ်ချည်းလွင့်လာသည့် စကားသံသည် Renရှိရာ အခန်းထဲ၌ပင် ဖြစ်သည်။အိပ်ယာနှင့် မလှမ်းမကမ်းနေရာ၌ ဧည့်ခန်းတစ်ခုလည်း ရှိပေးသည်။စကားသံသည် ထိုဧည့်ခန်းတွင်းမှ လွင့်လာခြင်းဖြစ်သည်။
" ခင်ဗျား ဘယ်လိုလုပ်ပြီးရောက်နေတာလဲ ဒါကရော ဘယ်နေရာလဲ "
" ဘယ်နေရာလို့ထင်လဲ "
" ခင်ဗျား ကျွန်တော့်ကို ဖမ်းခေါ်လာတာမလား "
" ဖမ်းခေါ်တယ်လည်း မဟုတ်ပါဘူး မင်းဟာမင်း ကိုယ့်ရေဗူးကို ယူသောက်တာလေ "
" ဒါဆို အဲ့ဒီလူက ခင်ဗျားပေါ့ "
ဒီတော့ Front Rannaက အောင်နိုင်သူလို ပုခုံးသာတွန့်ပြသည်။ပြီးနောက် Front Rannaသည် နေရာမှ ထလာကာ Renရှိရာဆီသို့ ဦးတည်၍ လျှောက်လာနေသည်။ရုပ်ချည်းဆိုသလိုပင် Renသည် အိပ်ယာပေါ်မှ ခုန်ဆင်းကာ တံခါးပေါက် ရှိရာဆီသို့ ပြေးတော့သည်။အိပ်ခန်းသည် ဘောလုံးတကွင်းစာမျှ ကျယ်လွန်းသည်။တံခါးပေါက်များသည်လည်း ပေါများလွန်းလှသည်။စုစုပေါင်း တံခါးပေါက် ၇ခု ရှိပေသည်။Renသည် နီးစပ်ရာ တံခါးပေါက်အား ဆွဲဖွင့်ကာ ပြေးထွက်ခဲ့သည်။
Renရောက်နေသည့် အခန်းမှာ အဝတ်လဲခန်းတစ်ခုသာ ဖြစ်သည်။ဗီရိုနှင့်အပြည့် ထည့်ထားသည့် အဝတ်များအားလုံးသည် အမျိုးသားဝတ် အနောက်တိုင်းဝတ်စုံများသာ ဖြစ်သည်။
" ဟေ့ ဘယ်ကိုပြေးတာလဲ "
တံခါးအပြင်ဘက်မှ Front Ranna၏ အော်ခေါ်သံသည် အနည်းငယ် ကျယ်လှောင်လှသည်။
" ပြေးလို့ မလွတ်ဘူးလေကွာ ထွက်ခဲ့ ထွက်ခဲ့ "
" အခန်းတံခါးသော့တိုင်း ကိုယ့်ဆီမှာ ရှိတယ်နော် ကိုယ်တိုင်ဝင်ခေါ်ရမလား မင်းဟာမင်း ထွက်လာခဲ့မလား "
YOU ARE READING
အဆုံးမရှိသော ( Infinity )
Roman d'amour18+ ပြန်လည်ရေးသားတင်ပြသော Fictionတစ်ပုဒ်ဖြစ်သည် ။ ( မာန်သွေးသစ် )