အပိုင်း - ( ၁၁ )
Renနိုးလာတဲ့အချိန်က တော်တော်နောက်ကျနေပြီဖြစ်သည်။နေ့ခင်း ၁၀နာရီကျော်ပြီဖြစ်သည်။
အိပ်ခန်းထဲမှာ Front Rannaရဲ့ အရိပ်အရောင်ကိုမတွေ့ရချေ။စောင်အဖြူကို ဖယ်လိုက်တဲ့အချိန်မှာ အိပ်ချင်နေသေးတဲ့ Renမျက်လုံးတွေ ပြူးကျယ်သွားသည်။အကြောင်းမှာ Renက ဘာမှဝတ်မထားတဲ့အပြင် သူ့တကိုယ်လုံးမှာ အနီကွက်တွေရှိနေတာကို သတိထားမိသွားသည်။
တဘက်တစ်ထည့်ကိုကောက်ပတ်ရင်း Renက မှန်ရှေ့ကို ပြေးသွားလိုက်သည်။လည်ပင်းကနေ စလို့ ခြေသလုံးတွေမှာထိ အနီကွက်တွေနှင့် ကိုက်ရာလေးတွေ ရှိနေသည်။
" အားးးးးးး "
Renရဲ့ အော်သံကြောင့် Mr.jodenနှင့် ကော်ဖီသောက်ရင်း chessစကားနေသည့် Front Rannaအဖို့ အလန့်တကြားဖြစ်သွားရသည်။
" မင်းတော့ အထောင်းခံရတော့မယ် ထင်တယ် "
" အဲ့တာ Daddyအကြံလေ "
" ဟေး ငါ့ဘက်မလှည့်နဲ့ ငါက ဆေးပေးလိုကရုံပဲ လုပ်တဲ့လူက မင်းလေ "
" တော်ပြီ Daddyရာ ဟိုမှာဘာဖြစ်နေပြီလဲ မသိဘူး သွားလိုက်ဦးမယ် "
" ကံကောင်းပါစေ "
Mr.Jodenရဲ့ လှောင်ပြုံးများကို မခံချင်ဖြစ်သော်လည်း သူသည် Renရှိရာ အိပ်ခန်းဆီသို့ ပြေးလာခဲ့လိုက်သည်။အိပ်ခန်းထဲရောက်တော့ Renက တဘက်တစ်ထည်တည်းသား ပတ်ထားပြီး မှန်ရှေ့မှာ အကြောင်းသား ရပ်နေလေသည်။
" ချာတိတ် ဘာဖြစ်လို့လဲ "
" ဒါတွေ ဒါတွေက ဘယ်လိုရောက်လာတာလဲ "
Renက သူ့ကိုယ်ပေါ်က အမှတ်အသားတွေကို ညွှန်ပြရင်း ပြောနေခြင်းဖြစ်သည်။Frontလည်း Renရှေ့မှာ ဒူးထောက်လိုက်ပြီး တောင်းပန်ဖို့ပြင်လိုက်သည်။
" ကိုယ်တောင်းပန်ပါတယ် ချာတိတ်ရယ် အဲ့တာ ကိုယ့်အပြစ်တွေပါ "
" တောင်းပန်တာကို မလိုချင်ပါဘူး ဘာလုပ်ထားလို့ တောင်းပန်နေရတာလဲ မနေ့ညက ဖြစ်ခဲ့တာကိုတော့ သိတယ် ဘာလို့အဲ့လောက်ကြီးဖြစ်ခဲ့ရတာတုန်း အဲ့တာကို ပြော ရှင်းပြ "
YOU ARE READING
အဆုံးမရှိသော ( Infinity )
Romance18+ ပြန်လည်ရေးသားတင်ပြသော Fictionတစ်ပုဒ်ဖြစ်သည် ။ ( မာန်သွေးသစ် )