ပန်တရာ အမျိုးသမီး

403 16 0
                                    

Part - 9

ယခုအခြေအနေဟာ Minတို့အတွက် အတော်လေးအကြပ်ရိုက်စေပါသည်။အဘယ်ကြောင့်ဆိုသော် သူတို့၏ ခေါင်းဆောင် Bossနှင့် သခင်လေး စကားများကြသောကြောင့်ဖြစ်သည်။စကားများရသည့်အကြောင်းမှာ အခြားတော့ မဟုတ်ချေ။

Bossက သခင်လေးကို ကတိပေးထားသည့်အတိုင်း နံနက်အစောပိုင်းလောက်ကတည်းက ရွာထဲသို့ ထပ်မံလည်ပတ်ရန် လိုက်ပို့ပေးသည်။ရွာလမ်း မြေနီနီများကို နင်းလျှောက်ပြီး တစ်နေရာပြီးတစ်နေရာ လျှောက်သွားခဲ့ကြပြီး ဖြစ်သည်။

သခင်လေးတို့ ပြဿနာစတက်ချိန်သည် လက်ဖက်စိမ်းခင်းထဲတွင် ဖြစ်ပေသည်။သခင်လေးသည် လက်ဖက်ခြောက်လုပ်ရန် လက်ဖက်စိမ်းရွက်ခူးချင်သောကြောင့် ပလိုင်းကိုယ်ဆီလွယ်ကာ စိုက်ခင်းထဲ ဆင်းလာခဲ့ကြခြင်းဖြစ်သည်။စိုက်ခင်းပိုင်ရှင် လင်မယားထံ၌ ခွင့်တောင်းထားခြင်းလည်း ဖြစ်သည်။

စိုက်ခင်းပိုင်ရှင်လင်မယား၌ အပျိုရွယ် သမီးတစ်ဦးလည်း ရှိသည်။ပြောရလျှင် Bossရွာထဲဆင်းသည့်အခါတိုင်း ထိုအမျိုးသမီးနှင့် ရွာခံလူများက တစ်ကြိမ်မက အောင်သွယ်ပေးတတ်ကြသည်။ဒါ့အပြင် ရွာခံသူ ပန်တရာ( စိုက်ခင်းပိုင်ရှင်တို့၏ သမီးဖြစ်သူ )သည် ရွာ၏ အချောဆုံး အလှဆုံး အပျိုစင်လေးလည်း ဖြစ်သည်။ရွာရှိ ပုရိသများမှ ငမ်းငမ်းတက်လိုချင်ခံရသည့် မိန်းကလေးလည်း ဖြစ်သည်။

ပန်တရာက Bossရွာထဲဆင်းတိုင်း နှုတ်ဆက်တတ်သည်။Bossနှင့် မိတ်ဆွေရင်းချာကဲ့သို့ မကြာခဏ စကားပြောတတ်သည်။ယခုလည်း ဤသို့ပင် ပန်တရာသည် Bossကို မြင်တာကြောင့် လာရောက် နှုတ်ဆက်နေခြင်းဖြစ်သည်။

သခင်လေးတစ်ယောက်ကတော့ လက်ဖက်စိမ်းရွက်များအား တွေ့ရာလျှောက်ခူးနေလေသည်။ခူးနေရာမှ Bossနှင့် ပန်တရာကို မြင်သွားတာကြောင့် အတန်ငယ်ကြာအောင် ကြည့်နေလေသည်။ပြီးတဲ့နောက် သူ့အနားကပ်လာပြီး သခင်လေးက စကားစ​ပြောတော့သည်။

" Min, အဲ့တာ ဘယ်သူလဲ "

" စိုက်ခင်းပိုင်ရှင်ရဲ့ သမီးပါ သခင်လေး "

" ချောတယ်နော် Front Rannaနဲ့ ဘယ်လိုပက်သက်တာလဲ "

သခင်လေးက သူ့ဆီမှ စကားနှိုက်နေခြင်းဖြစ်သည်။စကားအသွားအလာကို နားလည်တာကြောင့် သူပြန်မဖြေဖြစ်ချေ။ဤသည်ကို အလိုက်မသိလှသည် Jက သခင်လေး၏ မေးခွန်းစကားကို ပြန်ဖြေလေသည်။

အဆုံးမရှိသော ( Infinity ) Where stories live. Discover now